ကွန်ပျူတာဗိုင်းရပ်စ်ကူးစက်ခံရသည့် ပထမဆုံးလူသား

alt

ဗြိတိန် နိုင်ငံမှ သိပ္ပံပညာရှင် တစ်ဦးသည် ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်ခြင်း ခံရသည့် ပထမဆုံး လူသား ဖြစ်လာကြောင်း သိရသည်။ ၎င်းသည် အီလက်ထရောနစ် RFID ချစ်ပ်တစ်ခုကို လက်အတွင်း ထည့်သွင်း ထားပြီး

ယင်းချစ်ပ်တွင် ဗိုင်းရပ်စ် ကူးစက်မှုကို ခံခဲ့ရကြောင်း တရုတ် Xinhua သတင်းဌာနက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ၊ ရီးဒင်း တက္ကသိုလ်မှ ဒေါက်တာ မက်ဂက်ဆန်သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ခန္ဓာကိုယ်အတွင်းသို့ ကွန်ပျူတာ ဗိုင်းရပ်စ် ဝင်ရောက်ကူးစက်မှု ခံရသည့် လူသားဖြစ်လာကြောင်း Xinhua က ဖော်ပြခဲ့သည်။ ထိုချစ်ပ်ကြောင့် ဂက်ဆန်၏ မိုဘိုင်းဖုန်းကို Keyနှင့် Passwordများ ထည့်စရာ မလိုတော့ဘဲ ချစ်ပ်ပိုင်ရှင်မှလွဲပြီး အခြားသူများ ဖွင့်မရအောင် အလိုအလျောက် Lockချထားပြီး ဖြစ်နေခဲ့သည်။ ၎င်း သည် ချစ်ပ်အတွင်း ကွန်ပျူတာဗိုင်းရပ်စ် ၀င်ရောက်ကြောင်း သိရှိပြီးနောက် အိမ်မှPCကွန်ပျူတာသို့ စမ်းသပ်ချိတ်ဆက်ကြည့်ခဲ့ရာ ဗိုင်းရပ်စ်ကူးသွားသည်ကို တွေ့ရှိခဲ့သည်။ ၎င်းက ခန္ဓာကိုယ်အတွင်း အီလက်ထရောနစ် ပစ္စည်းများ ထည့်သွင်းထားသည့် အခြားပုဂ္ဂိုလ်များအနေနှင့်လည်း ယခုအခြေအနေမျိုး ကြံုလာနိုင်သဖြင့် သတိထားသင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်တွင် ယင်းသို့သော နည်းပညာမျိုး သုံးစွဲမှု တွင်ကျယ်လာခြင်းကြောင့် ကွန်ပျူတာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်လာစေနိုင်ကြောင်း ဒေါက်တာ ဂက်ဆန် ကဆိုသည်။ ပညာရှင်များက အနာဂတ်ကာလတွင် ပတ်စပို့နှင့် ခရက်ဒစ်ကတ်များအစား ချစ်ပ်များကို အပြည့်အဝ အစားထိုးသုံးစွဲသွားရန် တီထွင်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here