ဆို​မာ​လီ​ယာ သ​မ္မ​တ​နန်း​တော်​အား​ ​တိုက်​ခိုက်​သ​ဖြင့်​ ​၁၅ ဦး​ ထက်​မ​နည်း​ ​ဒဏ်​ရာ​ရ

alt

ဆိုမာလီယာ သမ္မတ နန်းတော်ဝင်းကို မွတ်ဆလင် စစ်​ သွေးကြွများက မေလ​ (၂၃)​ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်​ ခဲ့ရာ လူပေါင်း​ (၁၅)​ ဦး​ ထက်မနည်း သေဆုံး​ သွားကြောင်း သိရသည်။

မိုဂါဒစ်ရှူး​ မြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ​ အတွင်း နောက်ထပ်လူ(၃၀)မျှ ဒဏ်ရာများ ရရှိခဲ့သည်။ သမ္မတ ရှိတ်ရှာရစ်ရှိတ်အာမက်သည် ကုလသမဂ္ဂ၏ အစီအစဥ်ဖြင့် တူရကီတွင် အစည်းအဝေး တက်ရောက်နေစဥ် ယခုလို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဖရိက ဦးချိုဒေသရှိ မင်းမဲ့စရိုက် ဖုံးလွှမ်းနေသော နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော နောက်ဆုံးတိုက်ခိုက်မှုများအတွင်း စစ်သွေးကြွများသည် နန်းတော်ကို တိုက်ရိုက်မတိုက်ခိုက်နိုင်ခဲ့သော်လည်း အခြားသော အစိုးရ ရုံးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နန်းတော်နှင့်အတူ လေယာဥ်ကွင်းနှင့် သင်္ဘောဆိပ်တို့ကို စစ်သွေးကြွများက မော်တာဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များကဆိုသည်။

ပြီးခဲ့သည့် သီတင်းပါတ်ကလည်း စစ်သွေးကြွများသည် ပါလီမန် အစည်းအဝေး ကျင်းပနေသည့် အဆောက်အအုံအား ဦးတည်တိုက်ခိုက်ခဲ့ရာ အရပ်သား (၁၆)ဦး သေဆုံးခဲ့သေးသည်။ မေလ(၂၃)ရက်နေ့ တိုက်ခိုက်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့သူ အလီအာမက်က အနည်းဆုံး မော်တာကျည်ဆံ (၆)ခုထိ သမ္မတနန်းတော်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဆိုမာလီစစ်တပ် အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် ကယ်မွိုင်က ယခုကိစ္စသည် အယ်ကေးဒါးတို့ ထောက်ခံထားသည့် စစ်သွေးကြွများလက်ချက်ဟု စွပ်စွဲခဲ့ပြီး မိမိတို့စစ်တပ်သည် ကျူးကျော်လာသူ အမြောက်အမြားကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောဆိုသွားသည်။

ဆိုမာလီယာနိုင်ငံတွင် မြောက်ပိုင်းရှိ မိုဂါဒစ်ရှူးမြို့တော် ဝန်းကျင်တွင်သာ အစိုးရအာဏာကို ဖြန့်ကျက်ထားနိုင်ပြီး ကျန်နိုင်ငံတစ်ခုလုံးကို အစွန်းရောက် မွတ်ဆလင် စစ်သွေးကြွများက သိမ်းပိုက်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here