ယန်း​ကီး​ ဘေ့စ်​ဘော​ကွင်း​ အ​တွင်း​သို့​ iPad ​ယူ​ဆောင်​ခွင့်​ မ​ပြု

alt

အမေရိကန် ဘေ့စ်ဘော အားကစားကွင်း Yankee အတွင်းသို့ iPad ကို ယူဆောင်ရန် တားမြစ် လိုက်ကြောင်း သိရသည်။ ယင်း အားကစားကွင်းက ပရိသတ်များအား Laptop နှင့် Tablet ကွန်ပျူတာများ

ကွင်းအတွင်း ယူဆောင်ခွင့်ကို တားမြစ်သော မူဝါဒသစ် တခုကို ချမှတ်လိုက်သည်။

နယူးယောက် အခြေစိုက် Yankee အသင်းက အားကစားကွင်း အတွင်း ကွန်ပျူတာများ ယူဆောင်ခွင့် မပြုခြင်းမှာ လုံခြံုရေး အကြောင်းပြချက်ကြောင့် ဟုဆိုသည်။ Yankee အားကစားရုံသည် နည်းပညာဆိုင်ရာ ထိတွေ့မှု အားကစား ဌာနများအနက် တခု အပါအဝင် အဖြစ် နာမည်ကြီး နေခဲ့သည်။ ကစားသမားတိုင်းသည် Locker အတွင်း တပ်ဆင်ထားသော ကွန်ပျူတာများ ရှိနေခြင်းကပင် Yanekee အသင်း၏ နည်းပညာနှင့် ရင်းနှီးမှုကို ညွှန်ပြနေသည်။ သို့သော်လည်း ပရိသတ်ကိုမူ ယခုလို ပိတ်ပင်မှု ပြုလုပ်ခဲ့ခြင်း ကြောင့် ဝေဖန်မှုအချို့ ထွက်ပေါ်လာခဲ့သည်။

အမေရိကန် ဘေ့စ်ဘော အဖွဲ့ချုပ်ကမူ ကွန်ပျူတာများ ကစားကွင်းအတွင်း ယူဆောင်ခွင့် တားမြစ်ခြင်းမှာ တသင်းစီနှင့်သာ သက်ဆိုင်သော ဆုံးဖြတ်ချက်ဟု ကြေညာခဲ့သည်။ Mets၊ Angels နှင့် Mariners တို့မှာမူ ကွင်းအတွင်း Tablet ကွန်ပျူတာများ ယူဆောင်ခွင့်ကို တားမြစ်မှု မရှိကြောင်း အဖွဲ့ချုပ်ကဆိုသည်။ Apple မှ ထုတ်လုပ်သော Tablet ကွန်ပျူတာ iPad သည် အမေရိကန်တွင် လူကြိုက်အများဆုံး Gadget တခု ဖြစ်လာကာ စတင်ရောင်းချပြီး တလ မပြည့်မီ အလုံးရေ (၁)သန်းကျော် ရောင်းထွက်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here