ပျက်​ကျ​သွား​သော​ ​အိ​န္ဒိ​ယ​ လေ​ကြောင်း​ပိုင်​ လေ​ယာဥ်​မှ​ ​သေ​တ္တာ​နက်​ကို​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

ပျက်ကျသွားသည့် အိန္ဒိယ လေကြောင်းပိုင် Boeing 737 လေယာဥ်မှ သေတ္တာနက်ကို ရှာဖွေ တွေ့ရှိပြီဟု သိရသည်။ မေလ (၂၅) ရက်နေ့က လေယာဥ်ပျက်ကျရာ ကာနာတာကာ ပြည်နယ်၊ မန်ဂလာ လေဆိပ် အနီးတွင်ပင်

သေတ္တာနက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လူပေါင်း (၁၅၈) ဦး သေဆုံးခဲ့သည့် လေယာဥ်ပျက်ကျမှု အကြောင်းရင်း တိတိကျကျကို ဖော်ထုတ် နိုင်မည်ဟု တာဝန်ရှိသူများက ယူဆနေကြသည်။

လေယာဥ်သည် တောင်ပေါ်ဒေသရှိ လေယာဥ်ကွင်းသို့ ဆင်းသက်ရန် ချဥ်းကပ် ပျံသန်းစဥ် မီးလောင်ပျက်ကျသွားခြင်းဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူ (၈)ဦးမှာလည်း လက်ရှိ အချိန်တွင် ဆေးရုံတင်ထားရသည်။ ကနဦး လေ့လာမှုများအရ တာဝန်ရှိသူများက Boeingလေယာဥ်၏ အင်ဂျင်တွင် ချွတ်ချော်မှု တစုံတရာ ဖြစ်ပွားခဲ့ကြောင်း ယူဆနေကြသည်။ သို့သော်လည်း တိတိကျကျ အကြောင်းရင်းကို လေ့လာနိုင်ရန်အတွက် လေယာဥ်မှူး အခန်းမှ အသံများကို မှတ်တမ်းတင်ထားသည့် သေတ္တာနက်အား လေ့လာရဦးမည်ဖြစ်သည်။

မေလ(၂၂)ရက်နေ့က ပျက်ကျခဲ့သည့် လေယာဥ်အတွင်း သေဆုံးခဲ့သူများအတွက် ရည်စူးကာ ဝမ်းနည်းကြေကွဲမှု ဈာပန အခမ်းအနားကိုလည်း မန်ဂလာတွင် ပြုလုပ်ခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here