ခွေးပိုင်​ရှင်​များ​ ပါ​ဝင် ကိုက်​ခဲ့သည့်​ ​ခွေး​တိုက်​ပွဲ

alt

ခွေးချင်းကိုက်သည့် ခွေးတိုက်ပွဲ အဖြစ် အစပြုခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော်လည်း နယူးယောက်မြို့ရှိ ခွေးနှစ်ကောင် ရန်ပွဲတွင် ခွေးအချင်းချင်း သာမက လူအချင်းချင်းပါ ကိုက်ခဲ့ကြောင်း သတင်းများက ဆိုသည်။

နယူးယောက်မြို့ပြင်ရှိ ဥယျာဥ်တခုတွင် ခွေးအချင်းချင်း ရန်ဖြစ်ရာမှ လူတဦးက အခြားတဦးကိုပါ ကိုက်ခဲ့ကြောင်း နယူးယောက် သတင်းဌာနများက မေလ(၂၅)ရက်နေ့တွင် ရေးသား ဖော်ပြခဲ့သည်။ ရော့လန်းခရိုင် ရဲတပ်ဖွဲ့မှ ဗိုလ်ကြီး ဝီလျံဘာဘရာ က မေလ (၂၃)ရက်နေ့တွင် ခွေးပိုင်ရှင်နှစ်ဦး အချင်းများရင်း တဦး အကိုက်ခံရကြောင်း ပြောကြားခဲ့သည်။ ကိုယ်ပိုင်ခွေး တကောင်စီနှင့် လမ်းလျှောက် ထွက်လာကြရင်း ခွေးအချင်းချင်း ရန်စောင် တိုက်ခိုက်ရာမှ ယခုလို ဖြစ်ရခြင်း ဟုလည်း ၎င်းကဆိုသည်။

ရဲများက ဖြစ်စဥ်အတွင်း မည်သူ့ကိုမျှ မဖမ်းဆီးခဲ့သော်လည်း ယင်းကိစ္စကို ဆက်လက် စုံစမ်းသွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here