အီဂျာဖီလာဂျိုကူ မီးတောင်ကြီး လ​ှုပ်​ရှား​ပေါက်​ကွဲ​မှု​ ​လျော့​ကျ

alt

အိုက်စလန်ကျွန်းပေါ်ရှိ အီဂျာဖီလာဂျိုကူ မီးတောင်ကြီးသည် မေလ(၂၃)ရက်နေ့မှစကာ လှုပ်ရှား ပေါက်ကွဲနေမှုများ လျော့ကျ သွားပြီဟု

ပညာရှင်များက ပြောကြား ခဲ့သည်။ ကျွမ်းကျင် သူများ၏ အဆိုအရ ထိုနေ့ကတည်းက မီးတောင်ထိပ်ဝ​ အပူချိန်သည် (၁၀၀) ဒီဂရီ စင်တီဂရိတ်သို့ လျော့ကျ လာကာ ပြာများ မှုတ်ထုတ်မှုလည်း ကျဆင်း သွားကြောင်း သိရသည်။

မီးတောင် ပေါက်ကွဲမှုများ အပြီးသတ် သွားပြီဟု ယတိပြတ်ပြောရန် စောလွန်းသေးသည့်တိုင် ယင်းသို့ပင် ဖြစ်လိမ့်မည်ဟု ယူဆရကြောင်း အိုက်စလန်မီးတောင် သုတေသနဌာနနှင့် ကမ္ဘာမြေလေ့လာရေး ပညာရေးဌာနတို့က ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ အိုက်စလန် မီးတောင်လေ့လာရေးဌာနမှ ပညာရှင် တစ်ဦးဖြစ်သည့် စတီနမ်း ဂျာကိုအော့ဒိုတာက ယခုလက်ရှိအချိန်တွင် မီးတောင်သည် ပြန်လည်ငြိမ်သက်သွားပြီဟု အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် မီးတောင်ထိပ်ဝ အပူချိန်သည်လည်း (၁၀၀)ဒီဂရီ စင်တီဂရိတ်အောက် တစထက်တစ လျော့ကျနေသည်ကိုလည်း ညွှန်ပြနေကြောင်း သိရသည်။

ယင်းမီးတောင်သည် ဧပြီလအတွင်းက စတင်ပေါက်ကွဲခဲ့ပြီး ဥရောပ လေကြောင်းသွားလာရေးကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ မှတ်တမ်းများအရ အီဂျာဖီလာဂျိုကူ မီးတောင်ကြီးသည် (၁၉၂၁)ခုနှစ် နှစ်ကုန်ပိုင်းမှ (၁၉၂၃)ခုနှစ်ဆန်းထိ (၁၃)လကြာအောင် ပေါက်ကွဲခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here