ကွယ်​လွန်​သူ​ ​မင်း​သ​မီး​ ​ဘ​ရစ်​တ​နီ​မာ​ဖီ​​၏​ ခင်​ပွန်း​ ​သေ​ဆုံး

alt

ကွယ်လွန်သွားပြီ ဖြစ်သည့် မင်းသမီး ဘရစ်တနီ မာဖီ၏ ခင်ပွန်းသည်မှာ ၎င်း၏အိမ်တွင် သေဆုံးနေသည်ကို ရဲများက ရှာဖွေ တွေ့ရှိခဲ့သည်။ အသက် (၃၉)နှစ်ရှိ ဆိုင်မွန် မွန်းဂျက်သည် မေလ (၂၃)ရက်နေ့က

ဟောလီးဝုဒ်ရှိ ၎င်းတို့လင်မယား နေထိုင်ရာ အိမ်အတွင်း သေဆုံး နေကြောင်း ရဲတပ်ဖွဲ့က ကြေညာ ခဲ့သည်။

ဇနီးသည် မတော်တဆမှု တခုဖြင့် ကွယ်လွန်ပြီး (၅)လအကြာတွင် သေဆုံးခဲ့သည့် ဆိုင်မွန်၏ ဖြစ်စဥ်တွင် ရာဇဝတ်မှု တစုံတရာ ယှက်နွယ်မှု မရှိဘဲ သွေးရိုးသားရိုး ကွယ်လွန်ခြင်းဟု လော့စ်အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဆိုသည်။ ဆိုင်မွန်၏ ဇနီးဖြစ်သူ ဘရစ်တနီ သည်လည်း ယင်းအိမ်တွင်ပင် ဒီဇင်ဘာ (၂၀)ရက်နေ့က ကွယ်လွန် ခဲ့သည်။ ဆရာဝန်များက ဘရစ်တနီ သေဆုံးမှုမှာ ဆေးဝါး ဓာတ်မတည့်မှု များကြောင့်ဟု ယူဆထားသည်။

ဆိုင်မွန်နှင့် ဘရစ်တနီတို့သည် (၂၀၀၇)ခုနှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး သားသမီး မရှိချေ။ ဆိုင်မွန်၏ မိတ်ဆွေများက ရဲတပ်ဖွဲ့သည် ဆိုင်မွန်သေဆုံးမှုအတွက် တစုံတရာ သံသယဖြစ်မှုမျိုး လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ရဲများအနေနှင့် ဆိုင်မွန်သေဆုံးမှု အကြောင်းရင်း အတိအကျကို ဖော်ထုတ်နိုင်ရန် စစ်ဆေးမှုများ ပြုလုပ် သွားမည်ဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here