နိုင်ငံ​ အ​များ​အ​ပြား​တွင်​ ငါး​နှစ်​အောက်​ က​လေးငယ်​ ​သေ​ဆုံး​နှုန်း​ ကျ​ဆင်း

alt

(၅)နှစ်အောက် ကလေးများ ကမ္ဘာ နှင့်အဝှမ်း သေဆုံးမှုသည် ယခုနှစ် အတွင်း ကျဆင်းလာကြောင်း သိရှိ ရသည်။ (၁၉၇၀)မှ (၂၀၁၀)ခုနှစ် အတွင်း နိုင်ငံပေါင်း (၁၈၇)ခုနှစ်မှ မှတ်တမ်းများ အရ ယခုနှစ်အတွင်း

သေနှုန်း ကျဆင်းလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ (၂၀၁၀) ခုနှစ်တွင် (၅)နှစ်အောက် ကလေးပေါင်း (၇.၇)သန်း သေဆုံးခဲ့ရာ ယင်းသည် (၁၉၉၀)ပြည့်လွန် နှစ်များက (၁၁.၉)သန်းနှင့် နှိုင်းယှဥ်ပါက သိသာစွာ ကျဆင်းသွားခြင်း ဖြစ်သည်။

ပညာရှင်များက ဒေသအသီးသီးတွင် ကလေးငယ်များ သေဆုံးမှုသည် (၁၉၉၀)ပြည့်နှစ် နောက်ပိုင်း နှစ်စဥ်ပျမ်းမျှ (၂)ရာခိုင်နှုန်းမျှစီ ကျဆင်းလာခဲ့ကြောင်း ပြောကြားသွားသည်။ ဆေးပညာဂျာနယ် Lancetတွင် ဖော်ပြထားမှုအရ လက်တင်အမေရိက၊ အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် သိသာစွာ တိုးတက်မှုများ ရှိလာပြီး ကလေးငယ်များ သေဆုံးမှုသည် တနှစ်လျင် (၆)ရာခိုင်နှုန်းအောက် ကျဆင်းလာကြောင်း သိရသည်။

ကာကွယ်ဆေးများ၊ AIDSရောဂါ တားဆီးရေး စမ်းသပ်မှုများ၊ ဗီတာမင်A ဖြည့်စွက်ပေးနိုင်မှုများ၊ ငှက်ဖျားကာကွယ်ရေးလုပ်ငန်းများ၊ ရေဓာတ်ခမ်းခြောက်မှုနှင့် နမိုးနီးယားတို့ကို အရှိန်အဟုန်နှင့် တားဆီးနိုင်ရန် ဆောင်ရွက်လာမှုများသည် ကလေးသေနှုန်း ကျဆင်းလာခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ ကုလသမဂ္ဂသည် (၁၉၉၀)ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက ကလေးသေဆုံးမှုကို (၂၀၁၅)အရောက်တွင် (၃)ပုံ(၂)ပုံ လျှော့ချသွားရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here