ထိုင်း ဝန်​ကြီး​ချုပ်​ဟောင်း​ သက်​ဆင်​ကို​ ​အ​ကြမ်း​ဖက်​မှု​ဖြင့်​ ​ဖမ်းဝ​ရမ်း​ ထုတ်

alt

ထိုင်းတရားရုံး တခုက ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှီနာဝပ် ကို အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခွင့် ဝရမ်း အား အတည်ပြု ထုတ်ပြန် ပေးလိုက်ကြောင်း သိရသည်။

မေလ (၂၅)ရက်နေ့က ဘန်ကောက် တရားရုံးသည် အစိုးရက အနီဝတ် ဆန္ဒပြသူများအား အကြမ်းဖက်မှုများ ပြုလုပ်ရန် သက်ဆင်က ထောက်ပံ့မှု များ ပါဝင်ကြောင်း ထိုင်းအစိုးရ၏ စွပ်စွဲမှုကို လက်ခံကာ ယခု ဝရမ်းအား ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ အထူး စုံစမ်းရေးဌာန ဒုတိယ အကြီးအကဲ နာရက်ဆာဗက်တာနန် က တရားရုံး အနေနှင့် သက်ဆင်အား ဝရမ်းထုတ်ရန် အဆိုအား လက်ခံလိုက်ကြောင်း ရာဇဝတ်မှု တရားရုံးတွင် တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သတင်းထောက် များအား ပြောကြားလိုက်သည်။

ထိုင်းတွင် (၂)လ ကျော်ကြာ ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင်ရေး အဓိကရုဏ်း များအတွင်း သက်ဆင်၏ ထောက်ပံ့ကူညီမှုများ ပါဝင်နေကြောင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် တဦးက ဝန်ခံခဲ့ပြီးနောက် ဘီလျံနာ သန်းကြွယ်သူဌေး သက်ဆင်အား အရေးယူရန် အစိုးရက အဆိုပြုခဲ့သည်။

သက်ဆင်သည် (၂၀၀၆)ခုနှစ်က အာဏာသိမ်း ခံရပြီးနောက် ဒူဘိုင်းတွင် နေထိုင်လျက် ရှိသည်။ အနီဝတ် အင်အားစုများသည် သက်ဆင်အား ထောက်ခံကာ လက်ရှိ အစိုးရကို အာဏာစွန့်ရန် ဖိအားပေး တောင်းဆိုရာမှ နိုင်ငံရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်း (၅၀)ကျော် သေဆုံးသည်အထိ ဆိုးဆိုးရွားရွား ဖြစ်ရပ်များ ပေါ်ပေါက် လာခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here