အမေရိကန် အ​မတ်​ ဂျင်မ် ဝက်ဘ် မြန်မာနိုင်ငံ ပြန်သွားမည်

alt

အမေရိကန် အထက်လွှတ်တော် အရှေ့ အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြား ဆပ်ကော်မတီ ဥက္ကဌ လည်း ဖြစ်၊ ဗာဂျီးနီးယား​ ပြည်နယ်က အထက်​ လွှတ်တော်အမတ် လည်း ဖြစ်တဲ့ မစ္စတာ ဂျင်မ် ဝက်ဘ်သည် ကိုရီးယား၊ ထိုင်း နဲ့ မြန်မာ​နိုင်ငံ တို့ကို

သွားရောက်မယ့် ခရီးစဉ်​ အတွင်း မြန်မာ​ နိုင်ငံကို ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရောက်ဖို့​ ရှိမှာဖြစ်ကာ နေပြည်တော်ကို သွားရောက်ဖို့ ရှိတယ်လို့ သိရှိရသည်။

ဂျင်မ် ဝက်ဘ်သည် မြန်မာနိ်ုင်ငံကို ပြီးခဲ့တဲ့ နှစ်ဩဂုတ်လ ၁၅ ရက်နေ့က ပထမတခေါက် သွားရောက်ခဲ့ပြီး၊ နေပြည်တော်မှာ မြန်မာ​ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး​ သန်းရွှေနဲ့ တွေ့ဆုံခွင့်​ ရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ​ ခွင့် ရခဲ့သူလည်း ဖြစ်သည်။​ သူ့ရဲ့​ ခရီးစဉ်အ​ တွင်းမှာ အမေရိကန်နိ်ုင်ငံသား John Yettaw လွတ်မြောက်ရေး အတွက်လည်း အထက်​ လွှတ်တော်အမတ် ဝက်ဘ်ဟာ ဆောင်ရွက်နိ်ုင်ခဲ့ပြီး မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်​ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးပြီး ဆက်ဆံရေး မူဝါဒကို ကျင့်သုံးဖို့ ထောက်ခံ အားပေးခဲ့သူလည်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး​ ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်​ နိုင်ငံခြားရေးဝန်ကြီး Mr.Kurt Campbell ရဲ့ ဒုတိယ​ အကြိမ် ခရီးစဉ် အပြီးသွားရောက် ခရီးလည်းဖြစ်ကာ Mr. Kurt Campbell က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာ​ မတွေ့ရတဲ့အတွက် စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြောင်း ကြေငြာချက်​ ထုတ်ပြန်​ ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။

မစ္စတာ ဂျင်မ် ဝက်ဘ်၏ ခရီးစဉ်သည် တရုပ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်​ အပြီးမှာဖြစ်ကြောင်းလည်းသိရသည်။ တရုပ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံကို ဇွန်လ ၂ရက်နှင့် ၃ ရက်​ နေ့များတွင် သွားရောက်​ လည်ပတ် မှာ  ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here