အ​င်္ဂါ​ဂြိုဟ်​ဆင်း​ယာဥ်​ ​ပျက်​စီး​ဟု​ ​အ​တည်​ပြု

alt

NASAအဖွဲ့က မားစ်ဂြိုဟ်ဆင်းယာဥ် Phonixအား လုံးဝလက်လွှတ် ဆုံးရှံးလိုက်ရပြီဟု အတည်ပြုလိုက်သည်။ ဂြိုဟ်ဆင်းယာဥ်သည် ကြယ်နီကြီးဟု တင်စားခိုင်းနှိုင်းကြသည့် မားစ်၏ ပြင်းထန်သော ဆောင်းရာသီကြောင့်

အပျက်အစီးများ ကြီးကြီးမားမား ပေါ်ပေါက်လာကာ လုံးဝအဆက်အသွယ် ပြတ်တောက်သွားပြီဟု NASAက ဝန်ခံခဲ့သည်။

NASAသည် Phoenixနှင့် အဆက်အသွယ် ရရှိရန် ဇန်နဝါရီလကတည်းက ကြိုးပမ်းနေခဲ့သော်လည်း ထိုစဥ်ကတည်းက မျှော်လင့်ချက်မှာ  ခပ်ပါးပါးသာ ရှိခဲ့သည်။ သို့သော်လည်း NASAသည် ဂြိုဟ်ပတ်လမ်းမှတဆင့် Phoenixတည်ရှိနေသော နေရာကို (၆၁)ကြိမ်မျှ ဆက်သွယ်မှု ပြုလုပ်နိုင်ရန် ကြိုးစားခဲ့သေးသည်။

(၂၀၀၈)ခုနှစ်က မားစ်ဂြိုဟ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် Phoenixနှင့် ပတ်သက်ပြီး ယခုအခါ အပြီးအပိုင် လက်လျှော့လိုက်ပြီဟု NASAက ဝန်ခံခဲ့သည်။ Phoenixကို (၂၀၀၇)ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့က အမေရိကန်နိုင်ငံ၊ ကိပ်ကာနေဗယ်မှ လွှတ်တင်လိုက်သည်။ ၎င်းသည် မားစ်၏မျက်နှာပြင်သို့ (၂၀၀၈)ခုနှစ်၊ မေလ(၂၅)ရက်နေ့က အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ Phoenixနှင့် NASAတို့ နောက်ဆုံးဆက်သွယ်မှု ရရှိခဲ့သောနေ့သည် (၂၀၀၈)ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ဖြစ်သည်။

နောက်ထပ်(၂)နှစ်အကြာတွင် NASAသည် နည်းပညာသစ်များကို အသုံးပြုကာ မားစ်ဂြိုဟ်ပေါ်ရှိ ဂြိုဟ်ဆင်းယာဥ်ကို ပြန်လည်ဆက်သွယ်မှုများ ပြုလုပ်ရန် ကြိုးပမ်းလာသော်လည်း လက်တွေ့တွင် မဖြစ်နိုင်တော့ကြောင်း ယခုလို ဝန်ခံခဲ့ရခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here