စ​တီ​ဗင်​ပီ​နာ​အား​ ​ပ​ရီး​မီး​ယား​လိဂ်အ​သင်း​ကြီး​ ​၃​ခု​ ​စောင့်​ကြည့်​နေ

alt

အဲဗာတန် ကွင်းလယ်လူ စတီဗင်ပီနာက အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်လိုက်ပြီးနောက် ၎င်းအား စောင့်ကြည့်နေသည့် အင်္ဂလန်ထိပ်တန်း ကလပ်ကြီး (၃)ခုအတွက် အချက်ပေး တပ်လှန့်မှု ဖြစ်လာခဲ့သည်။

ပီနာအား မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနှင့် တော့တင်ဟမ်ဟော့စပါးတို့က အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အသက်(၂၈)နှစ်ရှိ တောင်အာဖရိက လက်ရွေးစင်အား အဲဗာတန်က စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း တစ်နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိသည့် ကစားသမားက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

အဲဗာတန်သည် အသင်းကြီးများက အလိုရှိနေသည့် လူငယ်ကွင်းလယ်ကစားသမားလေး ဂျက်ရော့ဝဲကိုမူ (၄)နှစ်စာချုပ် သက်တမ်းတိုးနိုင်ခဲ့သည်။ ပီနာက မိမိသည် အဲဗာတန်နှင့် သင့်တော်သော ဆွေးနွေးသဘောတူညီမှု မရရှိသေးဟု ယူဆကြောင်း၊ စာချုပ်သက်တမ်းတိုးခြင်းကို အလောတကြီး ပြုလုပ်သွားရန် အစီအစဥ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်ကမူ ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်း သတ်မှတ်ထားသည့် ပီနာနှင့် စာချုပ်သက်တမ်း တိုးနိုင်မည်ဟု မျှော်လင့်ဆဲဖြစ်သည်။

ယင်းအား စာချုပ်သက်တမ်း မတိုးဖြစ်ပါက ပီနာအား လာမည့်ဘောလုံးရာသီကုန်တွင် အလွတ်ပြောင်းခွင့် ပြုရမည်ဖြစ်ရာ အင်္ဂလန်ထိပ်တန်းကလပ် (၃)ခုတို့က ဈေးနှုန်းသက်သက်သာသာဖြင့် ကမ်းလှမ်းခေါ်ယူသွားရန် စီစဥ်နေကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here