အချစ်ကြောင့် ရူးမလို ဖြစ်နေသည့် လေယာဥ်မှူးကြောင့် ထိတ်လန့်ခဲ့ကြရ

alt

အချစ်ရေး ဒုက္ခကို ခံစားရသဖြင့် စိတ်ရူး ပေါက်နေသော လေယာဥ်မှူး တဦးက ခရီးသည်တင် လေယာဥ် အား ပျက်ကျအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်မှုကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း သိရသည်။

JetBlue​ လေ​ကြောင်း​လိုင်းမှ ပိုင်းလော့သည် ချစ်သူနှင့် စကားများ လာပြီးနောက် မေလ(၂၂)ရက်နေ့က လေယာဥ်အား မောင်းနှင်ရင်း မိမိကိုယ်ကို​ လေယာဥ်နှင့်အတူ အဆုံး စီရင်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

လေယာဥ်မယ် တဦးအဖြစ် ထို လေယာဥ်ပေါ်တွင် လိုက်ပါမည့် ချစ်သူအား မိမိတို့အကြား အကြိတ်အခဲကို မဖြေရှင်းပါက လေယာဥ်အား ထိုးစိုက်ဆင်းကာ အတူသေမည်ဟု ကြံုးဝါးခဲ့ရာ အခြားသော လေယာဥ် အမှုထမ်းများက ခရီးစဥ် မစတင်မီ အဆိုပါ လေယာဥ်မှူးအား တနာရီကြာမျှ ဖမ်းဆီးထိန်းသိမ်း ထားလိုက်ရသည်။ ထို့နောက်တွင် ကျန်းမာရေး အခြေအနေ အရဟုဆိုကာ လေကြောင်းလိုင်းက အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှ ပျံသန်းထွက်ခွာမည့် လေယာဥ်မှ လေယာဥ်မှူးအား တာဝန်ခေတ္တ ရပ်ဆိုင်း ထားလိုက်ကြောင်း သိရသည်။

ဘော်စတွန်မြို့၊ လိုဂန်လေဆိပ်မှ လုံခြံုရေးဌာန ဒါရိုက်တာ ဂျော့နာကာရာက ယင်းဖြစ်ရပ်ကို လေ့လာမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ ပိုင်းလော့ ကမူ မိမိသည် လေယာဥ်အား ဖျက်ဆီးမည်ဟု မခြိမ်းခြောက်ခဲ့ကြောင်း၊ မိမိကိုယ်ကိုယ် သေကြောင်း ကြံမည်ဟုသာ ပြောဆိုခဲ့ခြင်းဟု ကာကွယ် ပြောဆိုထားသည်။ JetBlue လေကြောင်းလိုင်း ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန် ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here