အာဖဂန် စစ်မြေပြင်ရှိ ဗြိတိန် စစ်စခန်းသို့ ဒေးဗစ်ဘက်ဟမ်း သွားရောက်လည်ပတ်

alt

အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းမှ အသင်းခေါင်းဆောင် ဟောင်း ဒေးဗစ်ဘက်ခမ်း သည် မေလ (၂၂)ရက်နေ့က အာဖဂန ်နစ္စတန် တွင် တာဝန်ထမ်းဆောင် နေသော ဗြိတိသျှ တပ်သားများထံသို့

ကြိုတင် အကြောင်းမကြားဘဲ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ဟယ်မန်ခရိုင်တွင် အခြေစိုက်ထားသည့် ဘေစတီယန် စစ်စခန်းတွင် ဘက်ခမ်းသည် စစ်သည် (၉၀၀၀)ကျော်အား ရင်းနှီးစွာ တွေ့ဆုံပြီး အမှတ်တရ ဓာတ်ပုံ များပါ ရိုက်ကူးပေးခဲ့သည်။

(၄၅)ဒီဂရီ စင်တီဂရိတ်ထိ အပူချိန်ရှိသော အာဖဂန် နေရောက်အောက်တွင် ဘက်ခမ်းသည် စစ်သားများ နှင့်အတူ စစ်ဖက်သုံး လက်နက်များကိုပါ စမ်းသပ် ပစ်ခတ်ရင်း ပျော်ရွှင် နေခဲ့ကြောင်းလည်း သိရသည်။ Free Kick ဘောလုံးများ ကန်သွင်းရာတွင် ပစ်မှတ်သို့ တည့်မတ်စွာ ချိန်ရွယ်နိုင်သော ဘက်ခမ်းသည် သေနတ်ပစ် ရာတွင်လည်း လက်ဖြောင့်သူ ဖြစ်ကြောင်း ဗြိတိသျှ တပ်သားများက အထင်တကြီး ချီးကျူးခဲ့ကြသည်။ ဘက်ခမ်းသည် ရိုင်ဖယ် သေနတ်များနှင့် စက်သေနတ်ကြီးများကို ယခုမှ ကိုင်တွယ် ပစ်ခတ်ဖူးသော်လည်း အလွန် လက်ဖြောင့်သူဟု လေ့ကျင့်ရေး တပ်ဖွဲ့ခေါင်းဆောင် တဦးကဆိုသည်။

ဘက်ခမ်းသည် တပ်စခန်းအတွင်းမှ စစ်ဆေးရုံသို့လည်း သွားရောက်ကာ လူနာများအား တွေ့ဆုံအားပေး ခဲ့သေးသည်။ ဘက်ခမ်းကဲ့သို့ နာမည်ကျော် တဦးက မိမိတို့ထံ ရင်းနှီးစွာ လာရောက် တွေ့ဆုံခြင်းသည် များစွာကျေနပ်စရာ ဖြစ်စေခဲ့ကြောင်း ဆေးရုံရှိ အရေးပေါ် ခန်းတွင် ကုသမှု ခံယူနေရသည့် စစ်သမီးတဦးဖြစ်သူ ဆာရာချာတာက သတင်းထောက် များအား ပြောကြားသွားသည်။

အသက်(၃၅)နှစ်ရှိ ဘက်ခမ်းသည် ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင် နည်းပြကြီး ဖေဘီယို ကာပယ်လို၏ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လူစာရင်းတွင် ပါဝင်ခွင့် မရခဲ့ချေ။ ထို့ကြောင့်လည်း ဘောလုံးရာသီ အပြီး အားလပ်ချိန်များတွင် ယခုလို စစ်သည်များထံ သွားရောက် တွေ့ဆုံ အားပေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here