အ​ချို​ရည်​လျော့​သောက်ခြင်း​ဖြင့်​ ​သွေး​တိုး​ခြင်း​ကို​ ​လျော့​နည်း​စေ​နိုင်

alt

အချိုဓာတ်ပါသော ဆိုဒါနှင့် အခြားသော အချိုစာများကို ရှောင်ရှားခြင်းဖြင့် သွေးတိုးခြင်းကို လျော့နည်းစေနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ သွေးလှည့်ပတ်မှုဆိုင်ရာ လေ့လာမှု အသစ်တစ်ခုက

အချိုလျှော့စားခြင်းသည် အဝလွန်မှုကို ဦးတည်စေသည့် Type 2ဆီးချိုကို လျော့ကျစေသလို သွေးတိုးခြင်းကိုလည်း ဟန့်တားပေးကြောင်း ညွှန်ပြနေသည်။ သွေးတိုးမှု မြင့်တက်လာခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်း တစ်ခုလည်းဖြစ်သည်။ ဆိုဒါနှင့် အချိုများ လျှော့စားခြင်းသည် သွေးတိုးမှုကို လျော့ချနိုင်သလို ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်း အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားတက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနမှ ဒုတိယပါမောက္ခ ဒေါက်တာလီဝီချန်းက ရှင်းပြခဲ့သည်။ ယခုလေ့လာမှုတွင် အသက်(၂၅)နှစ်မှ (၇၉)နှစ်ကြား ပုဂ္ဂိုလ်ပေါင်း (၈၁၀)၏ နေထိုင်စားသောက်မှု ပုံစံနှင့် သွေးတိုးမှု ဆက်စပ်ပုံအား စနစ်တကျ လေ့လာခဲ့ကြသည်။ ယင်းတို့သည် (၁၀)အောင်စခွဲမျှ သကြားရည်ကို နေ့စဥ်သောက်သုံးခဲ့ရာ သိသာစွာ သွေးတိုးနိုင်ခြေ မြင့်တက်လာခဲ့သည်။ ထို့နောက် ဆရာဝန်များက ယင်းအချိုရည် ပမာဏကို ထက်ဝက်လျှော့ချလိုက်ရာ သွေးတိုးမှုလည်း ကျဆင်းသွားခဲ့သည်။ လူအများအနေနှင့် အချိုဓာတ်ကို လျှော့စားခြင်းဖြင့် သွေးတိုးမှုနှင့် ဆက်စပ်နေသော လေဖြတ်မှု ဖြစ်နိုင်ခြေကို (၈)ရာခိုင်နှုန်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၅)ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်ကြောင်းလည်း သုတေသီများက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here