မိုက်​ကယ်​ဂျက်​ဆင် ​အ​က​ကို​ ​က​ပြ​နိုင်​သော​ ​၄​နှစ်​သား​လေး

alt

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့သည်မှာ တနှစ် တင်းတင်းပင် ပြည့်မြောက်တော့မည် ဖြစ်သည်။ သို့သော်လည်း ၎င်း၏ အနုပညာဗီဇ၊ လွှမ်းမိုးနိုင်မှု အရည်အသွေး ကမူ မသေဆုံး သေးချေ။ ယင်းကို တရုတ်နိုင်ငံ မှ

အသက် (၄)နှစ်သာ ရှိသေးသည့် ကလေးငယ် တဦးက သက်သေပြ နေသည်။ ဇီယိုဘိုးသည် ပီဘိကလေးငယ် တဦးမျှသာ ရှိသေးသော်လည်း တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ပရိသတ် အမြောက်အမြား ကြည့်ရှုသော အမေရိကန် ရုပ်မြင်သံကြား အစီအစဥ် The Ellen Show နှင့် ရှန်ဟိုင်း World Expo တို့တွင် ဂျက်ဆင် ၏ အကကို တုပ ကပြသွားခဲ့သည်။

ဇီယိုသည် အသက်(၂)နှစ်ကတည်းက စွဲမြဲစွာ ကလာခဲ့သူ ဖြစ်သည်။ ဇီယိုကမူ ၎င်းသည် မိခင်ဝမ်းဗိုက် အတွင်း ရှိနေစဥ် သန္ဓေသား ဘဝကတည်းက ပြင်ပကမ္ဘာမှ သီချင်းသံများကို နားထောင်ကာ ကနေခဲ့ကြောင်း ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ဇီယိုသည် လမစေ့ဘဲ မွေးလာပြီးနောက် ဆရာဝန်များက ၎င်း၏ခြေလက်များ သန်စွမ်းစေရန် တီးလုံး အလိုက် လှုပ်ရှားသင့်ကြောင်း အကြံပြုခဲ့ပြီးနောက် ဇီယိုသည် ငယ်ငယ်ရွယ်ရွယ်နှင့် အကဖက် အာရုံစိုက်လာခဲ့သည်။ ဇီယို၏ မိဘများသည် ကလေးငယ်မှာ အရွယ်နှင့် မလိုက်အောင် စည်းချက်များကို နားလည်ပြီး တီးလုံးအလိုက် လှုပ်ရှားကပြ နိုင်သည့်အတွက် အလွန်အံ့အားသင့် ခဲ့ကြသည်။

ဇီယို၏ မိခင်က ဇီယိုလေးအား ပထမဆုံးအကြိမ် သီချင်းဖွင့်ပြစဥ်က ထိုအတိုင်း လိုက်ပြီး စည်းချက်နှင့်အညီ လှုပ်ရှားပြသဖြင့် အလွန်ပင် နားမလည်နိုင်အောင် ဖြစ်မိကြောင်း ဝန်ခံခဲ့သည်။ ထိုစဥ်က ဇီယိုလေးသည် (၂)လသားမျှသာ ရှိသေးသော်လည်း ၎င်း၏လက်နှင့် ခြေထောက်လေးများကို တီးလုံးအတိုင်း လှုပ်ရှားနေခဲ့သည်။ ၎င်းသည် ဂျက်ဆင်၏ ကဟန် များဖြင့် တုပဖျော်ဖြေ ခဲ့ပြီးနောက် ပရိသတ်များက သောင်းသောင်းဖြဖြ ဩဘာပေးမှုကို ခံယူရရှိခဲ့ ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here