ကိုယ်ဝန်​ဆောင်​ အ​မျိုး​သ​မီး​များ​ ​​ယော​ဂ​ ကျင့်​သင့်

alt

ယောဂ ကျင့်စဥ်ကို နည်းစံနစ်​ မှန်မှန် နှင့် အချိန်ယူကာ ပုံမှန်​ လေ့ကျင့်ခြင်း သည် ကိုယ်ဝန်ဆောင် အမျိုးသမီး များ​အတွက် အကျိုး​ဖြစ်ထွန်း​ စေမည် ဟု သိရသည်။

ယောဂ​ ကျင့်စဥ်သည် ကိုယ်ဝန် ဆောင် များ​အတွက် အားအင်နှင့် ပျော့ပြောင်း​ နူးညံ့မှုတို့ကို ဖြစ်ပေါ်စေသဖြင့် မီးဖွားရာတွင် လွယ်ကူစေကြောင်း သုတေသန ရလဒ်များက ဖော်ပြခဲ့သည်။ ထို့အပြင် ယောဂ ကျင့်စဥ်က ကိုယ်ဝန်ဆောင်များတွင် သဘာဝ အလျောက် လှုံ့ဆော် ဖြစ်ပေါ်တတ်သည့် အစိုးရိမ် ကြီးခြင်းကိုလည်း လျော့ကျစေကြောင်း အမေရိကန် အရိုးကု ဆရာဝန်များ အေဂျင်စီ (AAOS) မှ လေ့လာမှု များအရ ဖော်ထုတ် တွေ့ရှိခဲ့သည်။

သို့သော်လည်း ယောဂကျင့်စဥ် နည်းလမ်း လွဲမှားမှုကြောင့် ထိခိုက် ဒဏ်ရာရမှု များကိုမူ သတိပြု သင့်ကြောင်း AAOS က ပြောကြားထားသည်။ အမေရိကန်တွင် ယောဂ ကျင့်ရင်း မတော်တဆ မှုကြောင့် ဒဏ်ရာရသူ အရေအတွက်မှာ နှစ်စဥ်(၅၅၀၀) ဝန်းကျင်မျှ ရှိနေကြောင်းလည်း သိရသည်။ ယောဂ ကျင့်စဥ်သည် ကိုယ်အလေးချိန် အလွန်အမင်း တက်လာခြင်းကို ကာကွယ်ပေးပြီး ယောဂကျင့်စဥ် ပုံမှန် လေ့ကျင့်ထားသော မိခင်လောင်း များသည် အန္တရာယ် မရှိသည့် လေ့ကျင့်ခန်းကို ပြုလုပ်ခြင်း ဖြစ်သဖြင့် ကလေးမွေးပြီး ကိုယ်အလေးချိန် အလွန်အမင်း တက်လာခြင်း မျိုးကို တားဆီးပေးရာ ရောက်ကြောင်း AAOS မှ သုတေသီများက ပြောဆိုကြသည်။

AAOSမှ ပညာရှင် တဦးဖြစ်သည့် ဒေါက်တာ ရေချယ်ရော့က ပုံမှန်အားဖြင့် မိခင်လောင်း များသည် ထိုက်သင့်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အကျိုး ဖြစ်ထွန်းစေကြောင်း၊ အထူးသဖြင့် ယောဂ လေ့ကျင့်ခန်းကို အကန့်အသတ်ဖြင့် ပြုလုပ်သင့်ကြောင်း တိုက်တွန်း ခဲ့သည်။ ယောဂ ကျင့်စဥ်သည် ခန္ဓာကိုယ်ကို ဘက်မျှအောင် ထိန်းညှိပေးနိုင်ပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးမှုကို ခံစား ရရှိစေကြောင်းလည်း ဒေါက်တာရေချယ်က မှတ်ချက်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here