U2 အဖွဲ့ ခေါင်းဆောင် ဆေးရုံသို့ အရေးပေါ်တက်ရောက် ကုသမှု ခံယူ

alt

U2 အဖွဲ့မှ ခေါင်းဆောင် အဆိုတော် ဘိုနိုသည် နောက်ကျော နာကျင်မှု ဝေဒနာကြောင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ အသက် (၅၀)အရွယ် ဘိုနိုသည် ဖျော်ဖြေပွဲ တခုအတွက် အစမ်း လေ့ကျင့်နေစဥ်

နောက်ကျောမှ နာကျင်မှုကြောင့် ကျောရိုးမခွဲစိတ်မှု တခုကို အရေးပေါ် ခံယူခဲ့ရသည်။ မေလ (၂၂)ရက်နေ့က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ဆေးရုံတက် ခဲ့ရသည့် ဘိုနိုသည် ရက် အနည်းငယ် အနားယူပြီးပါက ဇာတိမြေ အိုင်ယာလန်သို့ ပြန်ဖွယ် ရှိနေသည်။

U2 အဖွဲ့သည် ဇွန်လ (၃)ရက်နေ့တွင် အမေရိကန်သို့ သွားရောက် ဖျော်ဖြေရန် စီစဥ်ထားမှု အားလည်း ဘိုနို၏ ကျန်းမာရေးကြောင့် ဖျက်သိမ်းခဲ့ရသလို ဂလက်စတိုဘူရီ တွင် ကျင်းပမည့် ဖျော်ဖြေပွဲမှာလည်း မသေချာ သေးပေ။ အိုင်းရစ် Rock ဂီတအဖွဲ့သည် အမေရိကတွင် ဖျော်ဖြေမှုများ ပြုလုပ်ပြီးနောက် ဥရောပသို့ ဩဂုတ်လတွင် ပြန်ရန် မူလက စီစဥ်ထားသည်။ U2 အဖွဲ့ မန်နေဂျာဖြစ်သူ ပေါ်မက်ဂင်းနစ်က မိမိတို့အနေနှင့် ဖျော်ဖြေပွဲကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန် အစားထိုး ကျင်းပ ပေးသွားရန် ရည်ရွယ်ကြောင်း နှင့် နောက်ထပ် အသေးစိတ် သတင်းများကို U2 အဖွဲ့၏ တရားဝင် ဝဘ်ဆိုဒ်မှ ထုတ်လွှင့် ပေးသွားမည်ဟု ပြောကြားခဲ့သည်။

U2၏ 360 Degree ကမ္ဘာလှည့် ဖျော်ဖြေပွဲသည် (၂၀၀၉) ခုနှစ်က ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဖျော်ဖြေမှု အစီအစဥ်အဖြစ် အောင်မြင်ကာ စုစုပေါင်းဒေါ်လာ (၁၀၉)သန်း ဝင်ငွေ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here