အာဆင်နယ် အသင်းခေါင်းဆောင်​ ဖာဘရီဂက် အား ဘာစီလိုနာ မှ ပြန်လည်ခေါ်ယူရန် ကြိုးပမ်း

alt

စပိန်ထိပ်တန်း အသင်းကြီး တခု ဖြစ်သည့် ဘာစီလိုနာ သည် ၎င်းတို့၏ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်သည့် ဆက်ဖာဘရီဂက် ကို အင်္ဂလန် ကလပ် အာဆင်နယ်မှ ပြန်လည် ခေါ်ယူရန်

တရားဝင် စတင် ကြိုးပမ်းနေပြီ ဖြစ်သည်။ ဘာစီလိုနာ ဒုတိယ ဥက္ကဌဖြစ်သူ တီကီဘီဂရင်စတိန်း က အာဆင်နယ် အသင်း CEO ဖြစ်သူ အီဗန်ဂီဇန်ဒီ ထံသို့ အသက် (၂၃)နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူအား ပေါင်သန်း (၃၀)ဖြင့် ကမ်းလှမ်းလိုကြောင်း အဆိုပြု ထားသည်။

အာဆင်နယ်တွင် အသင်း ခေါင်းဆောင်အဖြစ် တာဝန် ယူထားသည့် ဖာဘရီဂက် ကိုယ်တိုင် က ဖလားလက်မဲ့ ရာသီများစွာကို ဖြတ်သန်းနေရသည့် အသင်း၏ အနေအထား အပေါ် စိတ်ပျက်လျက် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဘာစီလိုနာသည် ဖာဘရီဂက် အတွက် လိုအပ်လာပါက ပေါင်သန်း (၄၀)ထိ ဈေးတိုး ပေးသွားဖွယ် ရှိနေကြောင်းလည်း သိရသည်။ ဖာဘရီဂက် သည် အာဆင်နယ် နည်းပြ အာဆင်ဝင်ဂါ အား ဘာစီလိုနာသို့ ပြောင်းရွှေ့လိုကြောင်း ဝန်ခံထားပြီး ဖြစ်သည်။

ဘာစီလိုနာသည် ယခင် ကတည်းက စပိန်လက်ရွေးစင် အင်အားစုများဖြင့် အသင်းအား တည်ဆောက်ထားပြီး ယခုလည်း ဖာဘရီဂက် မတိုင်မီ စပိန် လက်ရွေးစင် တိုက်စစ်မှူး ဒေးဗစ်ဗီလာ အား ဗ​လင်​စီ​ယာထံမှ ယူ​ရို သန်း(၄၀) ဝန်းကျင်ဖြင့် ခေါ်ယူပြီး ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here