စီး​ပွား​ရေး​ လုပ်ငန်း​များ​ ​ပြန်​လည်​ လူး​လွန့်​လာ​သော​ ​ဘန်​ကောက်

alt

ထိုင်း နိုင်ငံတွင် အဆိုးရွားဆုံး နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီး နောက် မေလ (၂၄)ရက်နေ့ နံနက်ပိုင်း မှစကာ စီးပွားရေး လုပ်ငန်းများ၊ အစိုးရ ရုံးများ

ပြန်လည် ဖွင့်လှစ်နေပြီဟု သိရသည်။ ထို့အပြင် အဓိကရုဏ်း ကာလများ အတွင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့မှု များနှင့် ညစ်ပတ် ပေရေနေသော လမ်းမများ၊ နံရံများကို ဘန်ကောက် မြူနီစီပယ် နှင့်အတူ စေတနာ့ ဝန်ထမ်း ထောင်ဂဏန်း မျှကလည်း ကူညီရှင်းလင်း ပေးလျက်ရှိသည်။ ထိုနေ့တွင် ထိုင်း၏ စတော့ခ် အိတ်ချိန်းနှင့် အခြားသော စီးပွားရေး အဆောက်အအုံ များလည်း အပြည့်အဝ ပြန်လည်​ ဖွင့်လှစ်နေပြီ ဖြစ်သည်။

ယင်းတို့အား အနီဝတ် ဆန္ဒပြသူ များကြောင့် ပြီးခဲ့သည့် သီတင်းပါတ် များက ပိတ်ထား လိုက်ရသည်။ အစိုးရရုံးများ နှင့်အတူ ကျောင်းအချို့ မှာလည်း မေလ (၂၄)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ညမထွက်ရ အမိန့်ကိုမူ ဒေသ (၂၃)ခုတွင် ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်သည်။ ထိုင်း ဝန်ကြီးချုပ် အဗီဆစ်ဗီဂျာဂျီဗာ ကမူ ဘန်ကောက်မြို့သည် သာမန် အခြေအနေသို့ မကြာမီအတွင်း ပြန်လည်ရောက်ရှိ သွားမည် ဟု မေလ(၂၃)ရက်နေ့က ရုပ်မြင်သံကြား မှတဆင့် ပြောကြားခဲ့သည်။

မတ်လ အတွင်းက စတင်သည့် အနီဝတ် ဆန္ဒပြသူများနှင့် အစိုးရကြား အပြန်အလှန် တိုက်ခိုက်မှု များကြောင့် ဘန်ကောက်တွင် နှစ်ပေါင်း(၂၀)အတွင်း အဆိုးရွားဆုံး နိုင်ငံရေး တင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီး အဓိကရုဏ်း များအတွင်း အနည်းဆုံး လူ(၅၀)မျှ သေဆုံးကာ ထောင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here