ရောမခေတ်သုံး ဒင်္ဂါးများတွင် လိင်မှု ရုပ်ပုံများ ရေးထိုးထားကြောင်း သုတေသီများ တွေ့ရှိရ

alt

ရောမခေတ်က အသုံးပြုသည့် ဒင်္ဂါးများအတွင်း လိင်မှု ရုပ်ပုံများ ရေးထိုးထားသည်ကို သုတေသီများက ရှာဖွေ တွေ့ရှိခဲ့သည်။ ရောမခေတ်က ငွေကြေး တိုကင်အဖြစ် အသုံးပြုသော ဒင်္ဂါးအချို့ကို

ပွန်ပီမြို့ဟောင်းတွင် တူးဖော် တွေ့ရှိခဲ့ရာ တဖက်တွင် ငွေတန်ဖိုးကို ဖော်ပြပြီး ကျန်တဖက်တွင် လိင် ဆက်ဆံနေသော စုံတွဲများ၏ ပုံများကို ရိုက်နှိပ် ဖော်ပြထားခြင်း ဖြစ်သည်။

ဒင်္ဂါးများတွင် ရိုက်နှိပ် ထားသည့်ပုံမှာ လိင်ဆက်ဆံ ပုံနှင့် လိင် သင်္ကေတများ ဖြစ်ကြပြီး ယင်းခေတ်က ခြားနားသော ဘာသာ စကားမျိုး သုံးစွဲသည့် ပြည့်တန်ဆာ များနှင့် အပေးအယူ ပြုလုပ်ရာတွင် အသုံးပြုဖွယ် ရှိခဲ့ကြောင်း ကွင်းစလန်း တက္ကသိုလ်မှ သုတေသီများက ယူဆလျက် ရှိသည်။ သို့သော်လည်း ယင်း ထင်မြင်ချက်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေဆဲ ဖြစ်သလို ဒင်္ဂါးတဖက်တွင် ရိုက်နှိပ်ထားသည့် တန်ဖိုးအလိုက် ပြည့်တန်ဆာများအား ကြေးသတ်မှတ်မှု ပြုလုပ်ခဲ့ခြင်း ဟုတ် / မဟုတ်ကို အတည်မပြု နိုင်သေးချေ။

အချို့ကလည်း ယင်းဒင်္ဂါးများသည် လောင်းကစားပွဲ များတွင် တိုကင်အဖြစ် အသုံးပြု ခဲ့ကြောင်း ယူဆခဲ့ပြီး ယင်းတို့သည် အေဒီ(၁)ရာစု လက်ရာများဟု ယုံကြည် နေကြသည်။ ထူးထူးဆန်းဆန်း အနေနှင့် အချို့သော ဒင်္ဂါးများတွင် ယောက်ျားချင်း လိင်တူဆက်ဆံ နေသော ပုံများပင် သွန်းလုပ် ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here