Transformers 3 အတွက် မီဂန်ဖော့စ် အစား Victoria’s Secret မော်ဒယ်ဖြင့် အစားထိုးမည်ဟုဆို

alt

Transformers ၏ တတိယမြောက် ဇာတ်ကားတွင် နာမည်ကျော် မင်းသမီး မီဂန်ဖော့စ် ဆက်လက် ပါဝင်မည် မဟုတ်တော့သည့် အခြေအနေတွင် သူမ၏ နေရာအတွက် နာမည်ကျော် အလှကုန်လုပ်ငန်း Victoria’s Secret မှ

မော်ဒယ်တဦးနှင့် အစားထိုးမည်ဟု သတင်းပြေး နေကြောင်း သိရသည်။ ဖော့စ်၏ ကိုယ်စားလှယ်က မင်းသမီးအနေနှင့် Transformers 3 တွင် ဆက်လက် ပါဝင်ရန် မရှိတော့ကြောင်း People မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆို ထားသည်။ Vanity Fair ကမူ မင်းသား ရှားလီဘော့နှင့် အတွဲအဖက် မိမည့် ဆွဲဆောင်မှု ပြည့်ဝသော အမျိုးသမီး တဦးကို လူကြိုက်များသည့် စိတ်ကူးယဥ်သိပ္ပံ စက်ရုပ် ဇာတ်လမ်းတွင် ထည့်သွင်းသွားရန် ဒါရိုက်တာ မိုက်ကယ်ဘေး က လုံးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

Geekweek သတင်းဌာန၏ အဆိုအရ ဖော့စ်၏ နေရာအတွက် Victoria’s Secret မော်ဒယ် ရိုစီ​ ဟန်တင်တန် ဝှစ်တလေ က အထူး ရေပန်းစားနေကြောင်း ရှိရသည်။ Transformers 3 ဇာတ်ကားကို (၂၀၁၁) ခုနှစ်၊ ဇူလိုင်လ တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး အဓိက ဇာတ်အိမ်ကို အမေရိကန် ပြည်ထောင်စု တွင်သာ တည်ဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here