ဗီယာဂရာဆေး အလွန်အကျွံ သုံးသည့် အမျိုးသားများ အကြားအာရုံ ချွတ်ယွင်းနိုင်

alt

ဗီယာဂရာ ဆေးများကို အလွန်အကျွံ သုံးစွဲခြင်းသည် အမျိုးသားများ အတွက် အသက်အရွယ် ကြီးရင့် လာချိန်တွင် အကြားအာရုံ ချွတ်ယွင်းမှုကို သာမန်ထက် နှစ်ဆမျှ ဖြစ်စေနိုင်ကြောင်း သုတေသီများက သတိပေး လိုက်သည်။

အမေရိကန်တွင် ပြုလုပ်ခဲ့သော လေ့လာမှု အသစ်များအရ အသက် (၄၀)အထက် အမေရိကန် အမျိုးသားများတွင် နားထိုင်း လာမှုသည် ငယ်စဥ်က ယင်း ဆေးဝါးများ အလွန်အကျွံ သုံးစွဲခဲ့မှုနှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

အချို့သည် ပန်းသေ၊ ပန်းညှိုး ဝေဒနာကြောင့် ဗီယာဂရာကို ဆရာဝန် ညွှန်ကြားချက် အတိုင်း သုံးစွဲခဲ့သော်လည်း အကြားအာရုံတွင် ထိခိုက်မှုများ ဖြစ်ပေါ် လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အလာဘားမား တက္ကသိုလ်မှ ဦးဆောင် သုတေသီ ဂါရယ်မက်ဂွင်း က ပြောကြားခဲ့သည်။ သို့သော်လည်း ပညာရှင်များက မည်သို့သော အကြောင်းကြောင့် ဗီယာဂရာက အကြားအာရုံကို ထိခိုက်စေသည် ဆိုခြင်းကိုမူ ဆက်လက် လေ့လာ ရဦးမည်ဟု ပြောကြားခဲ့သည်။ ယင်းအတွက် နောက်ထပ် သုတေသန ပြုလုပ်မှုများ လိုအပ် နေသေးကြောင်းလည်း ၎င်းက ဝန်ခံထားသည်။

ဒက်မောက် ဟစ်ချ်ကော့ ဆေးရုံမှ ဒေါက်တာ ဂျိမ်းဆောင်းဒါး ကလည်း ယခု သုတေသန ရလဒ် မထွက်ပေါ်မီ ကတည်းက ဗီယာဂရာကြောင့် အကြားအာရုံ ထိခိုက်မှု ရှိနိုင်ကြောင်း မှတ်တမ်းအချို့ကို တွေ့ထားရကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှု အဆင့်ဆင့်ကို ဆေးပညာ ဂျာနယ်တခု ဖြစ်သည့် Archives of Otolaryngology တွင် ဖော်ပြ ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here