မင်္ဂလာဈေး အပေါ်ဆုံးထပ်တွင်​ ​မီး​လောင်​မှု​ ဖြစ်​ပွား

alt

ယနေ့ မနက် ၈း၃၀ အချိန်က ရန်ကုန်မြို့ မအူကုန်း ရှိ မင်္ဂလာဈေးတွင် စတင်​ မီးလောင်ကျွမ်းနေရာ တနာရီကျော် ကြာသည်အထိ မီးညွန့် မကျိုးသေးပဲ ဆက်လက် လောင်ကျွမ်း လျက်​ရှိ​သည်​။​

မင်္ဂလာဈေး အပေါ်ဆုံးထပ်​ရှိ ဆေးဝါးနဲ့ ပရိဘောဂများ ရောင်းဝယ်​ရာ​ အထပ်တွင် စတင် မီးလောင်တာ​ ​ဖြစ်​နိုင်​ကြောင်း​ ​ဒေ​သ​ခံ​များ​က​ ​ပြော​ဆို​ကြ​သည်​။​

​မီး​လောင်​ပြီး​ ​မိ​နစ်​ ​၃၀​ ​ကျော်​မှ​ ​မီး​သတ်​ကား​များ ​ရောက်​ရှိ​သော်​လည်း​ ​ရေ​ကား ​ပါ​မ​လာ​သေး​၍​ ​မီး​မ​ငြိမ်း​ သတ်​နိုင်​ဘဲ​ ​ဆက်​လက်​ မီး​လောင်ကျွမ်းလျက်​ ရှိ​နေ​ခဲ့သည်​။​ ဈေးသူ/ ဈေးသားများ မရောက် ရှိသေးခင်​ ​စ​တင်​​ လောင်​ကျွမ်း​ခဲ့​ခြင်း​ဖြစ်​ရာ​ ဆိုင်ရှိပစ္စည်းများ သိမ်းဆည်းနိုင်ခြင်း မရှိ​သေးဘဲ မီးလောင်မှုထဲ ပါသွားသည်ကို​ ဈေးသူ/ ဈေးသားနှင့် ဆိုင်ရှင်များက​ ​ဝင်​ရောက်​ ရ​ယူ​ရန်​ ကြိုး​ပမ်း​ခဲ့​သော်​လည်း​ ရဲ နှင့် စစ်တပ်က ပေးမဝင် သဖြင့် ဆိုင်ရှင်များက မိမိတို့၏ ဆိုင်ခန်းများထဲမှ ပစ္စည်းများ အတွက် စိုးရိမ် နေကြသည်ဟု​ ​သိ​ရ​သည်​။​

ယခု မီးလောင်သည့်​ မင်္ဂလာ ဈေးသစ်သည်​ ​ရန်ကုန်စည်ပင်၏ မြို့တော် စည်ပင်ဘဏ်၊ ရန်ကုန်စည်ပင် ဈေးများဌာန၏ ဌာနခွဲတခု ရှိသော နေရာလည်း ​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

Mon Crate သ​တင်း​ ပေး​ပို့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here