အမေရိကန်တွင် လမ်းပေါ်၌ ကိုယ်တုံးလုံးဖြင့် လျှောက်သွားသူ တဦး ရဲများက ဖမ်းဆီး

alt

ဘုရားသခင်၏ စေခိုင်းမှုကြောင့် လမ်းမပေါ်တွင် ကိုယ်တုံးလုံးဖြင့် လျှောက်သွား နေသူ တဦးအား ရဲများက ဖမ်းဆီးလိုက်သည်။ မေလ (၂၀)ရက် နေ့က အမေရိကန ်နိုင်ငံ၊ သီဘိုဒေါရှိ  ရှာဖစ် မိုဟာမက်သည်

လမ်းပေါ်တွင် အဝတ်မပါဘဲ လျှောက်သွား နေခဲ့သည်။ ရဲများက ၎င်းအား ဖမ်းဆီးရန် လာရောက်သော အခါ မိုဟာမက်က အမေရိကားသည် ၎င်းအား အဓမ္မကျင့် နေကြောင်း၊ ဘုရားသခင်က မိမိ၏ ဝိဉာဥ်ဓာတ်ကို ကယ်တင်နိုင်ရန် အတွက် လမ်းပေါ်တွင် အဝတ်မပါဘဲ လမ်းလျှောက် ရမည်ဟု ညွှန်ကြား ခဲ့ကြောင်း ပြောကြားခဲ့သည်။ မိုဟာမက်အား ရဲများက ဖမ်းဆီးထားပြီး အများသူငါ အား အနှောင့်အယှက် ဖြစ်စေမှုအတွက် စွဲချက ်တင်ထားသည်။

၎င်းအား လာဖူချီပါရစ်ရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး အာမခံရရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ မိုဟာမက် အတွက် ရှေ့နေ ရှိ/မရှိ ကိုမူ မသိရသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here