အင်တာအတွက် သမိုင်းဝင်အောင်ပွဲ ရယူပေးခဲ့သည့် မော်ရင်ညို ရီးရဲလ်သို့ ပြောင်းရွှေ့ရန် ပိုမိုးနီးစပ်

alt

အင်တာမီလန် နည်းပြ ဟိုဆေး မော်ရင်ညို အနေနှင့် အီတလီ ထိပ်တန်း ကလပ်အား သမိုင်းဝင် ဖလား(၃)လုံး ချန်ပီယံ ဖြစ်စေခဲ့ပြီး နောက် စပိန်ကလပ် ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ နည်းပြရန် ပိုမိုနီးကပ် လာပြီဖြစ်ကြောင်း

သတင်းများက ဖော်ပြခဲ့သည်။ စပိန်နိုင်ငံ မက်ဒရစ် မြို့တော်ရှိ ဘာနေဗျူး ကွင်းကြီးတွင် အင်တာမီလန်က ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အား အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂိုမီလီတို၏ သွင်းဂိုးများကြောင့် (၂-၀)ဖြင့် အနိုင်ရခဲ့သည်။ မေလ (၂၂)ရက်နေ့ ဗိုလ်လုပွဲတွင် ဘိုင်ယန်အား အနိုင်ယူခဲ့သော အင်တာသည် ယင်း မတိုင်မီကလည်း ပြည်တွင်း အမှတ်ပေး ချန်ပီယံနှင့် ရှုံးထွက်ချန်ပီယံ ဘွဲ့များကို ရရှိထားပြီးဖြစ်ရာ မည်သည့် အီတလီကလပ် ကမျှ မစွမ်းဆောင် နိုင်ခဲ့ဖူးသည့် တရာသီထဲ ဖလား(၃)လုံး ချန်ပီယံ အဖြစ် သမိုင်းဝင် အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည်။

ပေါ်တူဂီ ကလပ် ပေါ်တို နှင့်အတူ ချန်ပီယံလိဂ် ဖလားကို ရယူထားဖူးသည့် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ညို သည် ယခင် ကတည်းက ရီးရဲလ်နည်းပြ အဖြစ် တာဝန်ယူရန် အစီအစဥ်ရှိကြောင်း ပြောဆို ထားဖူးသည်။ ထို့အပြင် မော်ရင်ညိုက မိမိအား ရီးရဲလ်ဥက္ကဌကြီး ဖလော်ရင် တီနိုပီရက်စ်က ဆက်သွယ်မှုအချို့ ပြုလုပ်ထားကြောင်း ဝန်ခံ ခဲ့သည်။ မိမိ အနေနှင့် စပိန်ထိပ်တန်း အသင်းသို့ ပြောင်းရွှေ့ရန် ယတိပြတ် မဆုံးဖြတ် ရသေးကြောင်း၊ အင်တာနှင့် ရရှိခဲ့သော အောင်မြင်မှုများ အတွက် ကျေနပ်မိသလို အင်တာနည်းပြ ဖြစ်ခွင့်ရခြင်းကိုလည်း ဂုဏ်ယူပါကြောင်း မော်ရင်ညိုက ထုတ်ဖော်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here