ပြည်​တွင်း​သ​တင်း​ ​အယ်​ဒီ​တာ​တဦး​၏​ ​အ​မြင်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

ပြည်​တွင်း​သ​တင်း​​ အယ်​ဒီ​တာ​တွေ​ရဲ့​ ​​ရုပ်​ရှင်​သ​ရုပ်​ဆောင်​ ထက်​ထက်​မိုးဦး​၏​ ​သ​တင်း​ထောက်​တဦး​ အ​ပေါ်​

​ကိုယ်​ထိ​လက်​ရောက်​ ​ကျူး​လွန်​သည့်​ ​ဖြစ်ရပ်​အ​ပေါ်​ ​သူ​တို့​၏​ထင်​မြင်​ချက်​လေး​တွေ​​ မေး​မြန်း​ပြီး​ ​လူ​ထု​အ​သံ​ ​အွန်​လိုင်း​သ​တင်း​ဂျာ​နယ်​ ​အ​တွက်​ ​တင်​ဆက်​​ ပေး​လိုက်​ပါ​တယ်​။

​ ​ယ​ခု​တ​ပတ်​ ​တင်​ဆက်​ပေး​လိုက်​သည့်​ ​သ​တင်း​အယ်​ဒီ​တာ​မှာ​ ​အ​ပတ်​စဥ်​​ထုတ်​ ​နာ​မည်​ရ​ ဂျာ​နယ်တ​စောင်​မှ​ဖြစ်​ပြီး​၊​ ​မေ​တ္တာ​ရပ်​ခံ​ချက်​အရ​ ​အယ်​ဒီ​တာ​၏​ ​အ​မည်​အား​ ​ဖေါ်​ပြ​နိုင်​ခဲ့​ခြင်း​ ​မ​ရှိ​သည့်​အ​တွက် နား​လည်​ပေး​နိုင်​လိမ့်​ဟု​ ​ထင်​ပါ​သည်​။

​မေး​ခွန်း

အ​ဖြေ

မြန်မာပြည်တွင်းက သတင်းသမားတွေ မင်းသားမင်းသမီးတွေရဲ့ အင်တာဗျူးကို ကိုယ်ရေး​ ကိုယ်တာဘဲ​ မေးတာတွေ့ရတယ် ဘာလို့ပါလိမ့်။

ပြည်သူတွေကိုယ်တိုင်က လူ့သဘာဝအရ gossip ကိုပိုဖတ်ချင်တယ်​။​ မကောင်းတာကို​ ပိုဖတ်ချင်တယ် …​ ​ကော​လ​ဟာ​လ​ကို​ ​ပို​ပြီး​ ​စိတ်​ဝ​င်​စားကြ​သ​လို​မျိုး​ပေါ့​။ အဲဒါကြောင့်ပါ​။​

သတင်းသမားတွေက မိမိရဲ့အခွင့်အရေးကို အသုံးချပြီးတော့ စော်ကားလို့ဆိုတဲ့ စကားလုံးအပေါ်မှာ ဘာများပြောချင်ပါသလဲ။

သတင်းသမားကမေးချင်တာမေးမှာပဲ။ ဖြေတာမဖြေတာက ဖြေတဲ့သူအလုပ်။ စော်ကားတာပါလည်း သတင်းသမားကမတတ်နိုင်ပါ။

ဟိုးအရင် (ပါလီမန်ဒီမိုကရေစီ အပါအဝင်) ကရော အဲလိုအခြေအနေမျိုးတွေ ဖြစ်ခဲ့ဘူးသလား။ ရှိခဲ့ရင် ဘာတွေ ကွာခြားပါသလဲ။

မမွေးသေးလို့ရယ်၊ လေ့လာတာအားနည်းတာရယ်ကြောင့် မသိပါ။

သတင်းထောက်တွေက မင်းသမီးတယောက်ရဲ့ အားနည်းချက်ကို ဖိပြီးပြောလွန်းလို့ အခုလိုဖြစ်ရတာလို့ ပြောပါတယ်။ အဲ့အပေါ် အမြင်က ဘယ်လိုရှိပါသလဲ။

ဖိပြောတယ်ဆိုတာ သူ ကဖြေမယ်ဆိုတာ လက်ခံလိုက်တာကိုး။ သူ့ကို ဒီကိစ္စမေးမယ်လို့ သတင်းထောက်က အစောကြီးကတည်းပြောပြီးသားပါ။

အခုလိုဖြစ်စဉ်အပေါ် ဘာမျာပြောချင်ပါသလဲ။

ထက်ထက်မိုးဦး ဒေါသမထိန်းတာကြောင့်လို့မြင်တယ်။ သတင်းထောက်ကလည်း အထာမညက်တာလို့မြင်တယ်။

နိုင်ငံတကာမှာလည်း ဂျာနယ်မျိုးစုံ အကြောင်းအရာမျိုးစုံ ရေးနေကြတဲ့ သတင်းမဂ္ဂဇင်းတွေ ရှိပါတယ်။ မြန်မာပြည်တွင်းက လက်ရှိ သတင်းစာနယ်ဇင်းသမားတယောက်အနေနဲ့ ပြည်တွင်းအခြေအနေနဲ့ ကွာခြားမှုကို ယေဘုယျပြောပြပေးပါလား။

သိတော်မူတဲ့အတိုင်း controlled press ပါ။ ဒါကို ပြည်တွင်းက ဘယ်သူမှ စောဒကမတက်ဝံ့ပါ​။

သတင်းသမားတွေက သူတို့ သတင်းသမားကို ထိလို့ အခုလို နာမည်တပ်ပြီးရေးတာ ဖွတာလို့ ပြောနေတာကိုရော ဘာများ ပြောချင်ပါသလဲ။

ရေးလို့ရတဲ့နေရာက ရေးနေပါတယ်။ ဖွတယ် မဖွဘူးဆိုတာ အခြေအနေပေါ် မူတည်ပါတယ်။ ဖွခွင့်ရရင်ဖွမယ်။ ဖွခွင့်မရရင် မဖွဘူး။ ဒီသဘောပါ။

အခုဆိုရင် သတင်းသမားတွေကို မင်းသမီးရဲ့ အားပေးသူက မှားတယ်။ သတင်းသမားက အဲလိုမေးလို့ အဲလိုဖြစ်တာလို့ပြောနေတာကို ဘယ်လို ပြောပြချင်လဲ။

ထက်ထက်မိုးဦး ဒေါသမထိန်းတာကြောင့်လို့မြင်တယ်။ သတင်းထောက်ကလည်း အထာမညက်တာလို့မြင်တယ်။

မြန်မာအမျိုးသမီးတဦးအား ထက်ထက်မိုးဦးကို မေးခဲ့တဲ့ မေးခွန်းလိုမျိုး မေးခွန်းမျိုး မေးလာခဲ့မယ်ဆိုရင် ကာယကံရှင်ဘက်က ဘယ်လို တုံပြန် လာမယ် ထင်ပါလဲ။

ထက်ထက်မိုးဦးကို ဒီလိုမေးလို့ ထက်ထက်မိုးဦးက ဒီလိုလုပ်တာလေ။ တခြားသူဆိုရင် တခြားတစ်မျိုးဖြစ်လိမ့်မယ်။

အခုဆိုရင်သတင်းထောက်နဲ့ အနုပညာကြားမှာ စည်းတခုခြားသွားတယ်လို့ မမြင်မိဘူးလား။

မခြားပါဘူး။ သူတစ်ယောက်တည်းမှ အနုပညာရှင်မဟုတ်တာ။ သူလည်း ဘာဩဇာရှိတာမှတ်လို့။

ပရိသတ်တွေ သိချင်တဲ့ မင်းသမီးတဦးရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းကို မေးတာကရော အပြစ်လား။ အဲလိုမျိုးက ဖြစ်နေတဲ့ ကောလဟာတွေကို ကွယ်ပျောက်စေတယ်လို့ မထင်မိဘူးလား။ ဒါမှမဟုတ် ကောလဟလတွေကြောင့် နာမည်ကို လူပိုသိတယ်လို့ ခံယူထားကြလို့လား။

ဒါကတော့ အနုပညာရှင်ဆိုတဲ့သူတွေရဲ့ ခံယူချက်အပေါ် မူတည်မှာပါ။

နာမည်မှေးမှိန်လာနေတဲ့ မင်းသမီးတယောက် အနေနဲ့ မထူးဘူးဆိုပြီးတော့ တမင်နာမည်လူပိုသိလာအောင် ဒါမှမဟုတ် မိမိရဲ့ခံစားနေရတဲ့ ခံစားချက်တွေကို ဂုဏ်သိက္ခာတွေပါ မငဲ့ဘဲ အဆုံးစွန်ထိ ပေါက်ကွဲလိုက်တာလား။ ကာယကံရှင်ထက် ဘေးကလူအမြင် (စာနယ်ဇင်းသမားတယောက်) နဲ့ပေါ့။

ဖြစ်နိုင်ပါတယ်။

အခြားပြောစရာတွေ ရှိမယ်ဆိုရင် ပြောထားခဲ့ပါ။

တခြားပြောစရာကတော့ ဒီသတင်းကို ပြည်တွင်းမှာတရားဝင်ရေးခွင့်မရတာ သတင်းသမားတွေဘက်က နစ်နာတာ အမှန်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here