Facebook တွင် sexiest video ever အမည်ရှိ malware ပျံ့နှံ့

alt

Facebook တွင် နောက်ဆုံး ပျံ့နှံ့လားသည့် malware တိုက်ခိုက်မှု အဖြစ် User ပေါင်း များစွာတို့သည် sexiest video ever အမည်ရှိ ထောင်ချောက်အား ရင်ဆိုင်နေရ ကြောင်း သိရသည်။

Facebook အသုံးပြုသူ များအား လိင် လှုံ့ဆော်သည့် ပုံရိပ် ါသော ဗီဒီယို Clip များ ဖြန့်ဖြူးကာ ယင်း malware က အယောင်ဆောင် ၀င်ရောက် လာတတ်ကြောင်း ကမ္ဘာကျော် Social Networking ဝဘ်ဆိုဒ်ကြီးက သတိပေး ထားသည်။

ယင်း Malware သည် ဗီဒီယိုအသွင် ဖန်တီးထားပြီး ‘This is without doubt the sexiest video ever! 😛 😛 :P’ ဟု ရေးသားထားကာ ထိုဗီဒီယိုကို နှိပ်မိပါက အခြားသော မိတ်ဆွေများဆီသို့ အလိုအလျောက် ပျံ့နှံ့ရောက်ရှိ သွားတတ်သည်။ စကက်တိုတို နှင့် ဘစ်ကနီ ကိုသာ ဝတ်ဆင်ထားသည့် ရင်သားထွားထွား အမျိုးသမီး တဦး၏ ခန္ဓာကိုယ်ကို Screenshot ဖမ်းထားသည့် ယင်းပုံအား နှိပ်၍ Download လုပ်မိပါက malware ကိုသာ လက်ခံရရှိမည် ဖြစ်ကြောင်း Software လုံခြံုရေး ပညာရှင်တဦး ဖြစ်သည် ့ ဂရေဟမ်ကူလမ် က ရှင်းပြခဲ့သည်။

လက်ရှိ အခြေအနေ အရ ယင်း malware အား မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို မသိသေးသော်လည်း ကွန်ပျူတာကို Antivirus Software များအား နောက်ဆုံး Update ပြုလုပ်ကာ Scan ဖတ် စစ်ဆေးခြင်း၊ Facebook Account မှ Password ကို ပြောင်းလိုက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း ကူလမ်က အကြံပေးထားသည်။ Facbook မှ User တဦးသည် အဆိုပါ malware က ထောင်ထားသော Link ထောင်ချောက်ကို နှိပ်လိုက်ပါက ၎င်း၏ မိတ်ဆွေများထံ newsfeed မှတဆင့် ပျံ့နှံ့ရောက်ရှိ သွားတတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here