အိန္ဒိယ ခရီးသည်တင် လေယာဥ်ပျက်ကျမှု စတင် စုံစမ်းစစ်ဆေး

alt

မေလ (၂၂)ရက်နေ့က အိန္ဒိယနိုင်ငံ အနောက် တောင်ပိုင်းတွင် ပျက်ကျသွားသည့် ခရီးသည်တင် လေယာဥ်အတွက် စုံစမ်းမှု များကို စတင်ပြုလုပ် နေပြီဖြစ်သည်။

လူပေါင်း (၁၅၈)ဦး သေဆုံးပြီး (၈)ဦးသာ အသက်ရှင်ခဲ့သော လေယာဥ် ပျက်ကျမှုအတွက် အမေရိကန်မှ ကျွမ်းကျင်သူ များကပါ ပူးပေါင်းစုံစမ်း ပေးနေကြသည်။ ယခုအခါ တာဝန်ရှိသ ူများသည် ဆိပ်ကမ်းမြို့ မွန်ဂလိုသို့ ဆင်းသက်စဥ် ပေါက်ကွဲကာ ပျက်ကျခဲ့သည့် လေယာဥ်မှ သေတ္တာနက်နှင့် လေယာဥ်အတွင်း တပ်ဆင်ထားသော ဗွီဒီယို မှတ်တမ်းတို့ကို ရှာဖွေလျက် ရှိသည်။ အပျက်အစီး ပုံများကြားမှ ခက်ခဲစွာ ကယ်တင်ခဲ့သူ (၈)ဦး အနက် အချို့သည် အကြီးအကျယ် ဒဏ်ရာများ ရရှိထားပြီး အသက်လု နေရဆဲဟု ဆရာဝန်များက ဆိုသည်။ အိန္ဒိယ လေကြောင်းလိုင်းမှ Boeing 737-800 လေယာဥ် ပျက်ကျမှုအတွက် ဒူဘိုင်းနှင့် အိန္ဒိယ တောင်ပိုင်း ကာနက်တာကာ နှင့် ကာရာလာ တို့မှ ဝမ်းနည်း ကြေကွဲနေသော ကျန်ရစ်သူ မိသားစုများသည် မေလ (၂၃)ရက်နေ့က လေယာဥ ်ပျက်ကျရာ နေရာအနီးသို့ စုရုံးရောက်ရှိ လာကြသည်။

ယင်း လေယာဥ်သည် အာရပ် စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်း လေဆိပ်တွင် နောက်ဆုံး ဆင်းသက် ခဲ့သေးသည်။ အိန္ဒိယ အာဏာပိုင်များက လေယာဥ် ပျက်ကျမှုအတွင်း သေဆုံး သွားသူများ၏ ရုပ်အလောင်း များအား ခေတ္တထိန်းသိမ်း ထားဆဲဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here