Toyota နှင့် Tesla တို့ပူးပေါင်း၍ လျှပ်စစ် စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်မည်

alt

Toyota နှင့် Tesla ကားကုမ္ပဏီကြီးများ ပူးပေါင်းကာ လျှပ်စစ် စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်သွားရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း သိရသည်။

Toyota သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ မကြာသေးမီက ပိတ်ပစ်ခဲ့သော ဖရီးမောင့် စက်ရုံခွဲတွင် လျှပ်စစ်ကားများ ထုတ်လုပ်သွားရန် Tesla နှင့် ညှိနှိုင်း ဆွေးနွေးထားသည်။ ယင်း သဘောတူညီချက် အရ Toyota သည် Tesla ၏ လျှပ်စစ်ကား ပရောဂျက်သို့ ဒေါ်လာသန်း(၅၀) ထည့်ဝင် ပေးသွားမည်ဟုလည်း သိရသည်။ မော်တော်ကား များကို Tesla ၏ GM ကားကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်ရာ နူမယ်စက်ရုံနှင့် Toyota ၏ ဖရီးမောင့် စက်ရုံတို့မှ ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။ Tesla သည် Model S ဆီဒင်အမျိုးအစား လျှပ်စစ်ကားများကို တည်ဆောက်မည် ဖြစ်ပြီး Toyota က Corolla နှင့် Tacoma ကားများကို ထုတ်လုပ်သွားမည် ဖြစ်သည်။

Tesla မှ CEO ဖြစ်သူ အီလွန်မက်က လျှပ်စစ်ကား ထုတ်လုပ်မှုကဏ္ဍတွင် ဆီလီကွန် တောင်ကြားမှ အရည်အသွေး ပြည့်ဝသော အင်ဂျင်နီယာများကို အသုံးပြုသွားမည် ဖြစ်ပြီး Tesla သည် Toyota ၏ ထုတ်လုပ်မှု နည်းပညာနှင့် အမီ လိုက်နိုင်သည်ကို သက်သေပြ သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here