ပီကာဆို နှင့်မက်တီဆီ တို့၏ လက်ရာ ပန်ချီကားများ ခိုးယူခံရ

alt

ပြင်သစ်နိုင်ငံမှ ယူရို သန်း(၁၀၀)ခန့် တန်ကြေးရှိသော ရှေးဟောင်း Masterpiece လက်ရာ ပန်းချီကားများ ခိုးယူ ခံလိုက်ရကြောင်း သိရသည်။

ပီကာဆိုနှင့် မက်တီဆီတို့၏ လက်ရာများ အပါအဝင် ပန်းချီကား (၅)ချပ်မှာ ပြင်သစ် နာမည်ကျော် Musée d’Art Moderne ပြတိုက်မှတဆင့် ခိုးယူခြင်း ခံခဲ့ရခြင်းဟု သိရသည်။ ပဲရစ်မြို့တော်ရှိ အီဖယ် မျှော်စင်ကြီးအနီး စိန့်မြစ်ကမ်း နံဘေးတွင် တည်ရှိသော ပြတိုက်ကြီးသည် ပြင်သစ်၏ အထင်ရှား၊ အကျော်ကြားဆုံး ပြတိုက်တခုလည်း ဖြစ်သည်။ ရဲတပ်ဖွဲ့မှ စုံထောက်အရာရှိ တစ်ဦးဖြစ်သူ စရစ်စတိုဖာ ဂီရက်က မိမိတို့သည် ခိုးယူမှုအတွက် ရနိုင်သမျှ သဲလွန်စ များကို ခြေရာခံ ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ယင်းပြတိုက်သည် အချက်ပေး စံနစ်နှင့် ထောက်လှမ်းရေး ကင်မရာများကို ယူရို(၁၅)သန်း အကုန်အကျခံ တပ်ဆင်ထားသော်လည်း ဖောက်ထွင်းသူများက မျက်လှည့် ဆန်ဆန်ဖြင့် ဝင်ရောက်ကာ ပန်းချီကား များအား ခိုးယူသွားခဲ့ကြောင်း ဂီရက်က ပြောကြားသွားသည်။

ခိုးယူခံရသည့် ပန်းချီကား များအနက် (၄)ခုကို ပီကာဆိုက ရေးဆွဲထားပြီး ကျန် (၁)ကားမှာမူ မက်တီဆီ၏ လက်ရာဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here