​ရွှေ​ဖျဥ်း​ည​ီနောင်​ ​ဆု​တောင်း​ပြည့်​ ဘု​ရားပြို​ကျ

alt

​မေ​လ​ ​၁၆​ ရက်​နေ့​ ​ည​နေ​ပိုင်း​က​ နာ​မည်​ကျော်​ ​တောင်​ပြုန်း​ ရွှေ​ဖျဥ်း​ည​ီနောင်​ ​သ​မိုင်း​နှင့်​ ဆက်​စပ်​နေ​သည့်​ ​ဆု​တောင်း​ပြည့်​ဘု​ရား​၏​ ​စေ​တီ​တော်​ အ​အ​ထက်​ပိုင်း​ ​ဖောင်း​ရစ်​​ အ​ပေါ်​ဘက်​ခြမ်း ​တ​ခု​လုံး​ ​ပြို​ကျ​​ သွား​ခဲ့​ကြောင်း​​ သိ​ရှိ​ရ​သည်​။​ ​

ယ​ခု​လို​ ပြို​ကျ​ပျက်​စီ​းသည့်​ အ​ချိန်​သည်​ ​ရွှေ​သ​င်္ကန်း ​စ​ကပ်​နေ​သည့်​ ​အ​ချိန်​တွင်​ ​​ဖောင်း​ရစ်​ကိုးရစ်​ ​အ​ပေါ်​ဘက်​မှ​စ​၍​ ထီး​တော်​ကြီး​အပါအ​ဝင်​ ​ရွှေ​သ​င်္ကန်း​ ကပ်​လှှူ​ရန် လုပ်​ထား​သည့်​ ​ငြမ်း​များ​ပါ​ ​ပြို​ကျ​ခဲ့​ခြင်း​ ​ဖြစ်​သည်​။​ ထို​ အုတ်​နှစ်​ချပ်​လွတ်​ ဘု​ရား​သည်​ ​အ​နော်​ရ​ထာ​ မင်း​လက်​ထက်​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​၉၀၀​ ​ကျော်​တည်း​က​ ​တည်​ထား​ခဲ့​သည့်​ ​ရှေး​ဟောင်း​​ ဂူ​ဘု​ရား​​ အ​မျိုး​အ​စား​လည်း​ ဖြစ်​သည်​။​

ဤ​ကဲ့​သို့​ မ​ပြို​ကျ​မီ​ရက်​ပိုင်း​ ​အ​တွင်း​က​ ​မိုး​ရွာ​သွန်း​မှု​ မ​ရှိ​ဘဲ​ ​ပူ​ပြင်း​ လွန်း​သော​ကြောင့်​ ငါး​ရံ့​မင်း​ ​ပရိတ်​အား​ ​ဘု​ရား​ဝန်း​အ​တွင်း​ ရွတ်​ဖတ်​သည့်​ ​တ​တိ​ယ​နေ့​တွင်​ ဖြစ်​ပွား​ခဲ့​ပြီး​ ​အ​နီး​ရှိ​ ​ညောင်​ပင်​ကြီး​ တ​ပင်​ပါ​ ​ပြို​လဲ​ခဲ့​ခြင်း​ ဖြစ်​သည်​။​ ​လေ​တိုက်​တာ​က​ ​ထူး​ဆန်း​တယ်​၊​ ​အ​င်္ဂါ​ထောင့်​နဲ့​ ​ဗု​ဒ္ဓ​ဟူး​ထောင့်​က​နေ​ ​ညင်​ညင်​သာ​သာ​လေး​နဲ့​ ​မွှေ့​တိုက်​လိုက်​တာ​။​ ​တော်​တော်​ထူး​ဆန်း​တယ်​ဟု​ ​ဂေါ​ပ​က​ ​အ​ဖွဲ့​ဝင်​များ​က​ ​လျှပ်​တပြက် ​ဂျာ​နယ်​အား​ ​ပြော​ဆို​ခဲ့​သည်​။​ ​

တောင်​ပြုန်း​ပွဲ​တော်​ကို​ ​နှစ်​စဥ်​ စည်​ကား​သိုက်​မြိုက်​စွာ​ ​ဝါ​ခေါင်​လ​ဆန်း​ ​၅​ ​ရက်​ ​နေ့​မှ​ ​၁၅​ ​ရက်​နေ့​ထိ ကျင်း​ပ​လေ့​ကာ​ ​တောင်​ပြုန်း​ပွဲ​တော်​ ရက်​အ​မှီ​ ​အ​ပြီး​ပြန်​လည်​ ပြင်​ဆင် လုပ်​ဆောင်​နေ​ပြီး​၊​ ​ယ​ခု​ ဖြစ်​စဥ်​သည်​ ​နိုင်ငံ​တော်​မှ​ ​ဘု​ရားများ​ ​ပြု​ပြင်​ရန်​ ​ချ​ပေး​ထား​သည့်​ ​သိန်း​ ​၄၀၀​ ​ထဲ​မှ​ ​ရွှေ​သ​င်္ကန်း​​ ​၅​​ ဆိုင်းသာ​ ​ကပ်​လှူ​အ​ပြီး​ ​ပြို​ကျ​ခဲ့​ခြင်း​ ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here