မန်ယူဂိုးသမား ဘန်ဖော်စတာအား ဘာမင်ဂမ်းစီးတီး ခေါ်ယူ

alt

မန်ချက်စတာ ယူနိုက်တက် အသင်းမှ အင်္ဂလန်ဂိုးသမား ဘန်ဖော်စတာအား ဘာမင်ဂမ် စီးတီးက ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် (၂၇)နှစ်အရွယ် ဖော်စတာသည် ယူနိုက်တက်တွင်

တတိယ ဂိုးသမား အဖြစ်သာ နေရာရခဲ့သော်လည်း ဘာမင်ဂမ်က ပေါင်(၆)သန်း ပေးကာ (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ဖော်စတာသည် ယူနိုက်တက်တွင် နေရာ ပျောက်နေမှုနှင့်အတူ ကမ္ဘာ့ဖလားပွဲဝင် လူစာရင်းတွင် ၎င်း၏ နေရာအတွက် ဘာမင်ဂမ် ဂိုးသမား ဂျိုးဟက်ကို လွှဲပေးခဲ့ရသည်။ ဟက်သည် မန်ချက်စတာ စီးတီးမှ ဘာမင်ဂမ်သို့ အငှား လာကစားရင် လက်စွမ်းပြခဲ့သော်လည်း ယခုအခါ မိခင်ကလပ်သို့ ပြန်ရမည် ဖြစ်သောကြောင့် ဘာမင်ဂမ်က ဖော်စတာအား ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

ဖော်စတာသည် ယမန်နှစ်က ပရီးမီးယားလိဂ် (၃၈)ပွဲတွင် (၉)ပွဲသာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့် ရခဲ့သည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ဖော်စတာ အစား အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင် ဖြစ်နေသူ လူငယ် ဂိုးသမားလေး ဘန်အမိုကို အသင်း၏ တတိယ ဂိုးသမားအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here