အဆိပ်သင့် ‘မေ’

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အယ်…ငါ အိပ်မက်များ မက်နေတာလား။ ငါ ဘယ်ကိုု ပြန်ရောက် နေပြန်တာတုန်း။ မဟုတ်မှ လွဲရော ငါ့စိတ်တွေဘဲ

ဂယောက် ဂယက် ဖြစ်နေတာလား။ မြင်လိိုက်ရတဲ့ မြင်ကွင်းက ထပ်တူထပ်မျှ ဘဲလေ။

ချောက်ချားဖွယ် ပူပြင်းမှုအောက်မှာ လူတွေက တရုံုးရုံုးနဲ့။ ကူညီရေးယာဉ်တွေနဲ့ လုပ်သားတွေက လည်း ပျားပန်းခတ်သမျှဘဲ။ ကျောကော့အောင် ပူပြင်းတဲ့ မေလရဲ့အောက်မှာ အားကျိုးမာန်တက်နဲ့ လုပ်နေ တာက ကိုယ်ထူကိုယ်ထနဲ့ ကူညီနေတဲ့သူတွေ။ လူတိုင်းမျက်နှာမှာ မျှော်လင့်ချက်တွေ၊ အားငယ်မှုတွေ၊ ဖေးမမှုတွေနဲ့ ရသပေါင်းစုံကို ခံစားမှု ပေးလေရဲ့။ ပူပြင်း ခြောက်သွေ့နေတဲ့ ဒေသ၊ ရလိုရငြား အရိပ်လေးတွေမှာ ခိုနားနေတဲ့ လူတွေ၊ နောက်ကျော တွေ စပ်ဖျင်းဖျင်း ဖြစ်နေတဲ့ နေပူပူအောက်မှာ လှုပ်ရှားနေတဲ့ အလှူရှင်တွေ။

ဒါ “မေ” ပါလား။

ေဩာ်…ငါ အိပ်မက် မက်တာတော့ မဟုတ်ကောင်းပါဘူး နော်။ လွန်ခဲ့တဲ့ ၂၀၀၈ “မေ” တုန်းက လည်း လူတိုင်း မျက်ရည် သွန်းဖြိုးခဲ့ရတဲ့ “မေ” ပါလား။ ရက်စက် လိုက်တာဗျ… သခင်နုရေးတဲ့ ရက်စက်ပါပေ့ကွယ် ထက် ဆိုးနေပါရော့လား။ နာဂစ်ဒဏ်ကို ထိခဲ့တုန်းက “မေ”…အခု ရေပြတ်လပ်လို့ ပြည်သူတွေ ဒုက္ခရောက်၊ ရေအသက် တမနက် ဆိုသလို အသက်ရေး အတွက် မသန့်တဲ့ရေကို သောက်မိပြန်တော့လည်း ရောဂါက စွဲ၊ တဖြုတ်ဖြုတ်နဲ့ သေတဲ့ လူတွေကလည်း များမှများ ဒါလည်း မေ…။ အဆိပ်သင့်ခဲ့ပြန်ပေါ့ မေ ရယ်…။

မျက်ဝန်းထဲမှာ တကွက်ချင်း တကွက်ချင်း ပြန်ပေါ် လာတာက နာဂစ်ရယ်ပေါ့…။ လူတွေ သိန်းနဲ့ သန်းနဲ့ချီပြီး အတိ ဒုက္ခရောက် စေခဲ့ပြီး ကမ္ဘာမှာ မြန်မာဟေ့လို့ လူတွေက သိသွားကြ တဲ့ နာဂစ်…။ ရက်စက်မှုအပေါင်း သရဖူဆောင်းပြီး မိသားစု အရေးနဲ့ သူတို့ အရေးကိုုသာ ကြည့်ခဲ့တဲ့ ယုတ်မာရက် စက် အကြံပက်စက်ခဲ့တဲ့ န.အ.ဖ.စစ်အစိုးရကို လူတိုင်းက ရွံရှာမှု ဖြစ်စေခဲ့တဲ့ နာဂစ်…။ ငတ်ပြတ် အတိဒုက္ခရောက်တာကိုု ကမ္ဘာက ကူပါရစေရယ်လို့ တောင်းပန် တိုးရှိုးတာတောင်မှ ငါကိုပေးမှ လှူရမယ်၊ ကယ်ဆယ်ရေး သင်္ဘောတွေ ရောက်တာတောင်မှ မဝင်ရဘူးလို့ ကန့်ကွက်ခဲ့တဲ့ န.အ.ဖ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ကမ္ဘာက သိစေခဲ့တဲ့ နာဂစ်…။ ဖြစ်မယ်၊ ပျက်မယ်ဆိုတဲ့ ဓမ္မတာတရားကိုု ရက်ရက်စက်စက် ပြသခဲ့တဲ့ နာဂစ်…။ ဒါတွေအားလုံးက “မေ” လေ။

ဒါတွေ အားလုံးရဲ့ တရားခံကကော ဘယ်သူတုန်းလို့ လမ်းဆုံးမှာ ဂျမ်းပုံအော်သလို အော်မေးစရာ တောင် မလိုတော့ပါဘူး။ သဘာဝ ဘေးအန္တရာယ်တွေပေါ့။ နဂိုရ်က မြန်မာပြည်ဟာ အိမ်နီးချင်း နိုင်ငံတွေကတောင် အားကျ အတုယူကြရတဲ့ နိုင်ငံတခုပါ။ စိမ်း လန်းနေတဲ့ သစ်တောအုပ်တွေ၊ ကျယ်ပြောတဲ့ မြေပြန့်တွေ၊ ကောင်းမွန်တဲ့ ရာသီတွေနဲ့ ဝေစည်နေတဲ့ တိုင်း ပြည်တခုပေ့ါ။ ဆန်ရေစပါး ဆိုရင်လည်း ပေါများလိုက်တာများ အရှေ့တောင်အာရှမှာ ဆန်စပါး အပေါများဆုံး နိုင်ငံလို့တောင် ခေါ်ဆိုရမယ့် နိုင်ငံရယ်ပါ။ ဘယ်နေရာ ကြည့်ကြည့် စိမ်းလန်းနေတဲ့ တောအုပ်တွေကနေ ကမ္ဘာက မျက်စေ့ကျရတဲ့ ကျွန်းတွေနဲ့ ပြည့်လျှံနေတာပေါ့။ သစ်ပင် တင်ရယ်လားဗျာ။ အင်း၊အိုင်၊ ကန်သင်း ပေါများပြီး ရေနေ သတ္တဝါတွေ ကလည်း ပေါ များပါပေ့ရဲ့။ ဘယ်နေရာ ကြည့်ကြည့် နေချင်စရာ အပြည့်နဲ့ပါ။ ဒါပေမဲ့လည်း ဒါတွေက ဆိတ်သုဉ်းကုန်ပြီ ပေါ့။

သစ်တောတွေကြည့်မလား။ ဘယ်စီမံကိန်း၊ ဒီစီမံကိန်းတွေနဲ့ ခုတ်နေလိုက်တာများ စပါးပင်များ ရိပ်နေ သလိုပါပဲ။ မြစ်တွေ ချောင်းတွေကို ကြည့်မလား။ ဟို ရေကာတာ စီမံကိန်း၊ ဒီ ရေကာတာ စီမံကိန်းနဲ့ မြစ်တွေ လည်း ရေဝေကြော ပြတ်ကုန်ပါပေါ့။ ဒါတင် ကမလား။ ဟို ရွှေတူးဖော်ရေး၊ ဒီ ရွှေတူးဖော်ရေးနဲ့ စီမံကိန်းတွေ ချပြီး လုပ်စား နေလိုက်ကြတာများ အဲဒီ့ စီမံကိန်း ပတ်ပတ်လည်မှာဆို ရေ အဆိပ်သင့်မှုတွေက ဒင်းကြမ်း ပြည့်လို့။ ဒီလိုတွေ ဖြစ်နေတော့မှတော့ သဘာဝ ဘေးအန္တရာယ် ဆိုတာက ဖြစ်တော့ မပေါ့လိုု့ တွေးလိုက်မိပါရဲ့။ လူတွေက သဘာဝက ပေးအပ်ထားတဲ့ အဖိုးတန် သယံဇာတတွေကို လိုတာထက် ပိုကဲပြီး လုပ်နေကြတာများ မြန်မာပြည် တနှံတလျားလဲ ပွစာကြဲကုန် ပါပေါ့လား။ ဒီလိုမျိုး လူတွေရဲ့ စည်းကမ်းမဲ့ ဖြစ်ရပ်တွေရဲ့ အကျိုးဆက် ကတော့ အခုတော့ အဆိပ်သင့် “မေ” ကိုု မွေးဖွား လိုက်တာများလား ဗျာ။

အင်းလေး ဆိုတဲ့ ကန်တော်ကြီးက ဖောင်တော်ဦး စေတီဆိုတာကို ကလေးကအစ လှေနဲ့သွား ဖူးရတယ် ဆိုတာ သိကြပါတယ်။ ရေပတ်လည် ဝုုိင်းနေပြီး ကျွန်းမျှောတွေနဲ့ အင်းလေးကန်ကြီးဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ အတွက် မက်မက်မောမော လာရောက် လည်ပတ်ရတဲ့ မြန်မာပြည်က နေရာတခုပါ။ အခုတော့ အင်းလေးကန် အလယ်က ဖောင်တော်ဦး စေတီကို လမ်းလျှောက်သွား လို့တောင် ရနိုင်တဲ့ အနေအထား ကိုတောင် ရောက်နေပါပြီ။ မြန်မာတပြည်လုံး ကိုကော ကြည့်မလား။ ဘယ်နေရာမဆို ရေ…ရေ…ရေ…နဲ့ အကုန်လုံးက တ နေရတဲ့ အနေအထားကို ဆိုက်ရောက်ပါပြီ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မြန်မာပြည်အ လယ်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ သာယာလှပ ပေ့ဆိုတဲ့ မောရှမ်း တောင်ပိုင်း၊ မြောက်ပိုင်း။ ဒီဒေသတွေ အားလုံးမှာ တ ရေ တည်း ရေ နေရပါပြီ။ သောက်သုံးရေ ပြတ်လပ်မှု ကြံုနေရတဲ့ဒေသက ရေတောင်းတသံ တွေကို ကမ္ဘာကတောင် ကြားနေရပါပြီ။

၂၀၀၈ ခုနှစ် “မေ”တုန်းကလည်း မြန်မာပြည် ဧရာဝတီတိုင်းက လူထုရဲ့ အကူအညီ တောင်းသံကိုု ကမ္ဘာက ကြားခဲ့ရ ပြီးပါပြီ။ အခု တခါကျပြန်တော့ မြန်မာပြည်အနှံ့က လူထုရဲ့ အကူအညီ တောင်းသံတွေကို ကမ္ဘာက ကြားရပြန်ပြီ။ ေဩာ်…မြန်မာပြည် အတွက် “မေ” ဟာ တကယ့်ကို အဆိပ်သင့်နေပြီလား။ “မေ”ဟာ အချိန် ကျရောက်တိုုင်း မြန်မာပြည်ကို ကပ်သင့် စေခဲ့ပြီလား။ အခုဆိုရင် မြန်မာပြည်တွင်းက လူထုအော်သံ၊ အကူအညီ တောင်းသံကြောင့် နိုင်ငံတကာက လူတွေ ငြိမ် မနေနုုိင်ကြတာကို တွေ့ရပြန်တော့ ဝမ်းသာမိပါတယ်။ တိုင်းတပါးရောက် မြန်မာလူမျိုးတွေရဲ့ ရေ အလှူပေးသံတွေကို ကြားရတော့ သာဓု သုံးကြိမ် ခေါ်မိပြန်ပါတယ်။

မြန်မာနိုင်ငံဟာ “မေ” ဆိုတဲ့ အချိန်ရောက်လာတိုင်း ကပ်ဘေး သင့်နေပြီလား။ ဒါတွေဟာ ဘာ ကြောင့်များ ဆိုတာကော တုုိင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ သူတွေက တွေးကော တွေးတောမိကြရဲ့လား ဗျာ။ ၂၀၀၈ ခုနှစ် “မေ” နာဂစ်ကာလ လူတိုင်း မျက်ရည် သွန်းဖြိုးချိန်မှာတော့ သူတို့ဖြစ်ချင်တဲ့ အခြေခံ ဥပဒေမူ ကြမ်းကို အတင်းအဓမ္မ အတည်ပြုခဲ့ကြ ပြန်တယ်။ အခုတခေါက် သောကြာဂြိုလ်ကြီး လ နဲ့ နီး ပြည်ကြီးပျက် လတ္တံ့၊ သောကြာကြယ်ကြီး လကို ဖောက် ပြည်သူတွေလည်း ဒုက္ခရောက်ရ တော့မှာလား။ အတိတ် တဘောင် တွေနဲ့ အခြေအနေတွေက အဆိုးဘက်ကိုု ဦးတည် နေပြန်ပါပြီ။

အဆိပ်သင့် “မေ” ရဲ့ အငြိုးတွေဟာ ရိုးသားတဲ့ ပြည်သူတွေအပေါ် ဘယ်အငြိုးနဲ့များ ဒဏ်ခတ် နေရော့သလား ဆိုတာ ဘယ်သူတွေ ကများ ပြောပြနိုင်ပါ့မလဲ …ဗျာ…။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here