ကမ္ဘာ့အပူချိန် မြင့်တက်ခြင်းကြောင့် ပုတ်သင်မျိုးစိတ်များ ပျောက်ကွယ်လု ဖြစ်နေ

alt

ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း နှင့်အတူ ပုတ်သင် မျိုးစိတ်များ အနေနှင့် ပျောက်ကွယ်လုလု အန္တရာယ်များ ရင်ဆိုင်နေရ ကြောင်း သိရသည်။

ထို့အပြင် ပုတ်သင်များ၏ နေထိုင်ပုံ စရိုက်လက္ခဏာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး အများစုသည် အရိပ်ထဲတွင် ပိုမို အချိန်ကြာမြင့်စွာ နေထိုင်လာကြသည်။ သုတေသီများက ယခုကဲ့သို့သာ ကမ္ဘာ့အပူချိန် ဆက်လက် မြင့်တက်နေမည် ဆိုပါက လက်ရှိ ပုတ်သင်မျိုးစိတ် အားလုံး၏ (၂၀)ရာခိုင်နှုန်းသည် (၂၀၈၀)ပြည့်နှစ်တွင် မျိုးသုဥ်း ပျောက်ကွယ်သွားဖွယ် ရှိနေကြောင်း သတိပေး ပြောကြားထားသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဇီဝဗေဒ ပညာရှင် ဘယ်ရီဆီနာဗိုက ယင်းပမာဏသည် အလွန် ကြောက်စရာ ကောင်းသော မျိုးသုဥ်းမှုကြီးတခု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။ မိမိတို့အနေနှင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာမှုကို မထိန်းသိမ်းနိုင်ပါက ပုတ်သင်မျိုးစိတ် အားလုံးမျှ ကမ္ဘာပေါ်မှ ပျောက်ကွယ် သွားနိုင်ကြောင်းလည်း ဆီနာဗိုက ဝန်ခံခဲ့သည်။ ပုတ်သင်မျိုးစိတ် အမြောက်အမြား ကွယ်ပျောက် သွားခြင်းနှင့်အတူ ၎င်းတို့၏ အစာဖြစ်သော အင်းဆက်ပိုးများ တိုးပွားလာခြင်းနှင့် ပုတ်သင်များအား ဖမ်းယူ စားသောက်သည့် ငှက်များ အတွက် ရိက္ခာ ရှားပါးလာခြင်း စသည့် ဆက်စပ် အကျိုးတရားများ ဖြစ်လာစေဖွယ် ရှိနေသည်။

ပုတ်သင်ကဲ့သို့ တွားသွား သတ္တဝါများသည် နို့တိုက် သတ္တဝါများကဲ့သို့ ချွေးထွက်ခြင်း မရှိသဖြင့် အပူဒဏ်ကို ခံစားရသည့်အခါ ကျောက်တုံးအောက်ကဲ့သို့ အေးသော နေရာများတွင် သဘာဝအလျောက် ခိုအောင်း နေကြရသည်။ ပုတ်သင်များသည် နေ့ဖက်တွင် အစာရှာရန်နှင့် မိတ်လိုက်ရန် နေရောင်ခြည်ထဲ ထွက်လေ့ရှိသော်လည်း ယခုအခါ အပူချိန် မြင့်မားလာခြင်းကြောင့် နေ့ပိုင်းအချိန် အများစုကို အရိပ်အောက်တွင်သာ ခိုနေရလေ့ ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here