တရားမဝင် အလုပ်သမားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးသွားရန် မလေးရှား အစိုးရ စီစဥ်နေ

alt

မလေးရှား အစိုးရအနေနှင့် နိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင် အလုပ်သမား ထောင်ပေါင်းများစွာကို နောက် တကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးသွားရန် စီစဥ်နေကြောင်း သိရသည်။

ယင်း စီမံချက်အရ တရားမဝင် နိုင်ငံခြား အလုပ်သမားများသည် မည်သည့် အရေးယူမှုကိုမျှ မကြံုရဘဲ နေရပ်နိုင်ငံသို့ ပြန်ခွင့်ရမည် ဖြစ်သည်။ ဒုတိယ ဝန်ကြီးချုပ် တန်ဆရီ မူဟေဒင် ယာဆင်က integrated biometric identification​ စံနစ်ကို ယင်း​ အစီအစဥ် မစတင်မီ ဖော်ဆောင်သွားမည် ဟုလည်း ကြေညာခဲ့သည်။ ၎င်းက နိုင်ငံအတွင်း ခိုးဝင်လာသူ များနှင့် အိုဗာစတေး အခြေအနေ ဖြစ်နေသူများသည် ပြည်ထဲရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးသော အဆိုပါ အစီအမံဖြင့် လွတ်ငြိမ်းခွင့် ရရှိမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆို သွားသည်။ ယင်း စံနစ်သည် နိုင်ငံအတွင်း ဝင်ရောက်လာသည့် ဧည့်သည်များ၊ အလုပ်သမားများနှင့် ပတ်သက်ပြီး အတိကျဆုံး မှတ်တမ်းတင်နိုင်မည် ဖြစ်ပြီး စံနစ်တခုလုံးကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနက အဓိက ထိန်းသိမ်း​ကြပ်မတ်​ ပေးသွားမည်​ ဖြစ်သည်။

မလေးရှား အစိုးရ၏ စံနစ်သစ်အရ (၅)နှစ်ပြည့် အလုပ် လုပ်ကိုင်ခွင့် ရရှိထားပြီး ယခုနှစ်၊ ဩဂုတ်လတွင် သက်တမ်း ကုန်ဆုံးမည့် ပြည်ပ​ တရားဝင်​ လုပ်သားများသည်လည်း သက်တမ်းတိုးခွင့် ရတော့မည် မဟုတ်ချေ။ ထို့အပြင် အစိုးရက အလုပ် လုပ်ကိုင်ခွင့် စည်းကြပ်ငွေကိုလည်း တိုးမြှင့်​ ကောက်ခံ​ သွားမည်ဟုဆိုသည်။ မလေးရှား နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား (၅)သိန်း ဝန်းကျင်ရှိပြီး တရားမဝင် အလုပ်သမားပေါင်း (၂)သိန်းမျှ ရှိနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here