လိင်တူချင်း ဆက်ဆံသည့် Gay စုံတွဲအား မာလဝီ တရားရုံး ထောင်ဒဏ် ၁၄နှစ်ချမှတ်

alt

မာလဝီနိုင်ငံရှိ တရားသူကြီး တဦးက လိင်တူချင်း ဆက်ဆံ ခဲ့သော Gay စုံတွဲတတွဲအား ပြစ်မှု ထင်ရှားကြောင်း အတည်ပြု လိုက်ပြီးနောက် ယင်းတို့သည်

ထောင်ဒဏ် (၁၄)နှစ်ထိ ကျခံရန် နီးစပ်နေကြာင်း သိရသည်။ မေလ (၁၈)ရက်နေ့က အပြစ်ရှိကြောင်း တရားရုံး၏ သတ်မှတ်ချက်ကို ခံခဲ့ရသူများမှာ အသက် (၂၀)အရွယ် တီဝန်ဂီ ချင်ဘာလန်ဂါနှင့် အသက် (၂၆)နှစ်အရွယ် စတီဗင်မွန်ဂျီဇာ တို့ ဖြစ်ကြသည်။

​၎င်းတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ကတည်းက အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ မာလဝီသည် လိင်တူ အခွင့်အရေး လှုပ်ရှားသူများ၏ ကန့်ကွက်မှုများကို ယခင်ကတည်းက တွေ့ကြံုနေရပြီး ဖြစ်သည်။ Gay အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် အန်ဒူလီ မွာကာဆွန်ဂူလာ က ယင်းစုံတွဲသည် ၎င်းတို့၏ ဆက်ဆံရေးကို ရဲရဲဝံ့ဝံ့ ကြေညာပြီး စေ့စပ်ကြောင်းလမ်းမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ရာမှ အဖမ်းခံရခြင်းဟု ပြောကြားခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် သဘာဝကို ဆန့်ကျင်သော ပြုမူမှု၊ လူ့အသိုင်းအဝိုင်းကို စော်ကားသည့် ဖောက်ပြန်မှုများဖြင့် အရေးယူခြင်း ခံရခြင်းဖြစ်ပြီး ထောင်ဒဏ် (၁၄)နှစ်ထိ ကျခံရဖွယ် ရှိနေသည်။

နမီးဘီးယား အခြေစိုက် AIDS နှင့် လူ့အခွင့်အရေး အဖွဲ့မှ မစ်ချလန်ကလေတန်က မာလဝီ၏ အရေးယူမှုသည် ပြင်းထန်လွန်းကြောင်း ဝေဖန်လိုက်သည်။ မာလဝီမှ လူပေါင်းရာနှင့်ချီပြီး ယခုတရားခွင်သို့ ရောက်ရှိလာကာ မွန်ဂျီဇာ နှင့် ချင်ဘာလန်ဂါ တို့အား ဝိုင်းဝန်း ကြည့်ရှုခဲ့ကြသော်လည်း ယင်းတို့စုံတွဲက တစုံတရာ ပြောဆိုခြင်း မရှိပေ။ မာလဝီတွင် လူဦးရေ (၁)သန်းမျှသာ နေထိုင်ပြီး (၁၂)ရာခိုင်နှုန်းမျှသည် HIV ဗိုင်းရပ်စ်ပိုး ရှိနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here