ဆိုင်ကလုန်း မုန်တိုင်းလိုင်လာ တိုက်ခတ်မှု အိန္ဒိယတွင် ၂၃ဦးသေဆုံး

alt

ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ၏ ဝင်ရောက် တိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံ၊ အရှေ့ တောင်ပိုင်းတွင် အနည်းဆုံး လူပေါင်း(၂၃)ဦး သေဆုံးသွားကြောင်း သိရသည်။

မေလ (၂၁)ရက်နေ့ နံနက်ပိုင်းအထိ သေဆုံးသူ (၂၀)ကျော်ပြီဟု အာဏာပိုင်များက အတည်ပြုခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသ အတော်များများတွင် လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ ဟုဆိုသည်။ အန်ဒရာဟာ ပရာဒက် ကမ်းခြေဒေသသို့ မေလ (၂၀)ရက်နေ့က တနာရီမိုင် (၆၀)မျှ လေတိုက်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် ဓာတ်မီးတိုင်များ ပြိုလဲကုန်ပြီး ဘက်ပါတီးယား ကမ်းခြေမြို့ အနီးတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ကမ်းခြေတွင် လှိုင်းလုံးများသည် (၉)ပေ အမြင့်ထိ ရိုက်ခတ် ခဲ့ကြောင်းလည်း သိရသည်။

အာဏာပိုင်များက သေဆုံးသူများအပြင် ပင်လယ်ထဲ ငါးဖမ်းထွက်နေသူ တံငါသည် (၅၅)ဦးထက် မနည်းလည်း ပျောက်ဆုံးနေဆဲဟု ဆိုသည်။ မုန်တိုင်းကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူ ငါးသောင်းမျှကို တာဝန်ရှိသူ များက အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်။ မုန်တိုင်းကြောင့် ဓာတ်တိုင်များ ပြိုလဲပြီး ဓာတ်ကြိုးများ ပြတ်တောက်ကုန်ရာ ခရိုင်ကြီး (၆)ခု၊ ရွာပေါင်း(၁၄၀၀)ကျော် အပြင် မြို့ပေါင်း ဒါဇင်နှင့်ချီပြီး လျှပ်စစ်မီး မရတော့ချေ။

အိန္ဒိယတွင် အဆိုးရွားဆုံး ဆိုင်ကလုန်းအဖြစ် (၁၉၇၇)ခုနှစ်က တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြီးက စံချိန်တင်ထားပြီး ယင်းကြောင့် အန်ဒရာဟာ ပရာဒက်တွင် လူပေါင်း တသောင်းကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here