ပြည်​တွင်း​ဂျာ​နယ်​ ​၃​ခု​၊ ​ရက်​ အ​ကန့်​အ​သတ်​မ​ရှိ​ ​ထုတ်​ဝေ​ခွင့် ပိတ်​ပင်ထား

alt

​ပြည်​တွင်း​​တွင် အ​ပတ်​စဥ်​​ ထုတ်​ဝေ​နေ​သည့်​ ဂျာ​နယ်​ ​၃​စောင်​ကို​ ​ရက်​ အ​ကန့်​အ​သတ်​​ မ​ရှိ​ ပိတ်​ထား​ရန်​ ညွှန်​ကြား​ထားကြောင်း​ ​သ​တင်း​ ရ​ရှိ​သည်​။​ ​အ​ဆို​ပါ​ ဂျာ​နယ်​များ​မှာ​ The Voice​၊​ ဖတ်စ်မြူးဇစ် နှင့် weeklyeleven​ ဂျာ​နယ်​များ​ ​ဖြစ်​ကြောင်း​​ သိ​ရှိ​ရ​သည်​။​

ဖတ်စ်မြူးဇစ်နဲ့ ဝီးကလီးဂျာ​နယ်​များ​သည်​ ​ထက်​ထက်​မိုးဦး​၏​ ​သ​တင်း​ထောက်​တဦး​ အ​ပေါ်​ ​ကိုယ်​ထိ​လက်​ရောက်​ ​ကျူး​လွန်​သည့်​ ​သ​တင်း​အား​ ဖေါ်​ပြ​ခဲ့​ခြင်း​ကြောင့်​ ဖြစ်​ပြီး​ The Voice​ ​ဂျာ​နယ်​အား​ လိုင်လာမုန်တိုင်း အကြောင်း မမှန်မကန် ရေးသား​ခဲ့​သည်​​ ဟူ​သော​ ​အ​ကြောင်း​ပြ​ချက်​ဖြင့်​ ​ရပ်​နား​ထား​ရန်​ ​ညွှန်​ကြား​ ထား​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​ ဝီးကလီး ဂျာ​နယ်​​၏​​ အွန်​လိုင်း​ စာ​မျက်​နှာ​တွင်​​ လွှင့်​တင်​ထား​သည့်​​ အ​ဆို​ပါ​ သ​တင်း​အား​လည်း​ ​ဖြုတ်​ထား​ လိုက်​ကြောင်း​​ တွေ့​ရှိ​ရ​သည်​။

“မြန်​မာ​ပြည်​၏​ စာနယ်ဇင်း ကင်ပေတိုင်” အဖြစ် ပြည်တွင်း အယ်ဒီတာနှင့် သတင်းထောက်များက တင်စား ခေါ်ဝေါ် လေ့ရှိသည့် စာပေ စီစစ်ရေးက​ ​ပြီး​ခဲ့​သည့်​ ​အ​ပတ်က​ ​ထုတ်​ဝေ​​သော​ ​လျှပ်​တ​ပြက်​ဂျာ​နယ်​ ​အ​တွဲ​ ​၂​ ​အ​မှတ်​ ​၈၅​ မျက်နှာဖုံး​တွင်​ ပါ​ရှိ​သည့်​ အ​မေ​ရိ​ကန်​ ​လက်​ထောက်​ နိုင်ငံ​ခြား​ရေး​ ဝန်​ကြီး​၏​ ​မြန်​မာ​ပြည်​ခ​ရီး​စဥ်​ ​သ​တင်း​ ဓါတ်​ပုံ​တွင်​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ ပုံ​အား​ ​ဖေါ်​ပြ​ခြင်း ​မ​ပြု​ရန်​ ​တား​မြစ်​ခဲ့​သည့်​ ​အ​တွက်​ ​ဆေး​ဖြု​သုတ်​ကာ​ ​ထုတ်​ဝေ​ ​ခဲ့​ရ​ကြောင်း​​ သိ​ရှိ​ရ​ပြီး​၊​ ​မြန်​မာ​ပြည်​ဆိုင်​ရာ​ ​ကု​လ​​ အ​ထူး​​ ကိုယ်​စား​လှယ်​ဟောင်​း​ ဂန်​ဘာ​ရီ​ ​လာ​ရောက်​ခဲ့​စဥ်​က​ ​မျက်​နှာ​ဖုံး​တွင်​ ​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​ ​ရောင်​စုံကာ​လ​ဖြင့်​ ခေါ်​ပြ​ခဲ့​သည့်​အ​တွက်​ လျှပ်​တ​ပြက် ​ဂျာ​နယ်​ ​အ​ပါ​အ​ဝင်​ ​ပြည်​တွင်း​ ဂျာ​နယ်​အချို့​ ​တပတ်​ရပ်​နား​ရန်​ ​အ​ကြောင်း​ကြား​ခဲ့​ကာ​ ​ခံ​ဝန်​ ​လက်​မှတ်​များ​ ​ရေး​ထိုး​ခဲ့​ရ​ကြောင်း​လည်း ​သ​တင်း​ ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here