ပိုင်နက် ကျူးကျော်လာသည့် မြောက်ကိုရီးယား ရေယာဥ် နှစ်စင်းအား တောင်ကိုရီးယား ခြောက်လှန့်ပစ်ခတ်

alt

တောင်ကိုရီးယား ရေတပ်က နယ်မြေပိုင်နက် ကျူးကျော် လာသည့် မြောက်ကိုရီးယား ကင်းလှည့်ရေယာဥ် နှစ်စင်းအား ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခု သီတင်းပါတ်အတွင်း နှစ်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်ကို ဖြတ်ကျော် ဝင်ရောက်လာသည့် အဆိုပါ မြောက်ကိုရီးယား သင်္ဘောများကို မိမိတို့ ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။ ၎င်းက ခြောက်လှန့် ပစ်ခတ်မှုကို မြောက်ကိုရီးယား သင်္ဘောများက တစုံတရာ တုန့်ပြန်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာ သွားကြောင်းနှင့် ယင်းတွေ့ဆုံမှုတွင် နှစ်ဖက်ထိခိုက်မှု မရှိကြောင်း အတည်ပြုခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ရေတပ်ခြင်း ထိပ်တိုက် တွေ့ဆုံမှုများ (၁၉၉၉)နှင့် (၂၀၀၂)တို့တွင် ဖြစ်ပွားခဲ့ပြီး အကျအဆုံးများ ရှိခဲ့သည်။ နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် ရေတပ်နှစ်ခုကြား ထိပ်တိုက် တွေ့ဆုံမှုမှာ ယမန်နှစ် နိုဝင်ဘာလက ဖြစ်ပြီး မြောက်ကိုရီးယား ကင်းလှည့် ရေယာဥ်တစင်း မီးလောင် ပျက်စီးခဲ့ရသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးက ကိုရီးယား ကျွန်းဆွယ် စစ်ပွဲပြီးချိန်တွင် နှစ်နိုင်ငံကြား ရေပိုင်နက်ကို သတ်မှတ်ရေးဆွဲ ပေးခဲ့သော်လည်း မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက ယင်းကို မည်သည့် အခါကမျှ အရေး မထားခဲ့ချေ။

ယခ ုနောက်ဆုံး မြောက်ကိုရီးယား သင်္ဘောများ ကျူးကျော် ဝင်ရောက်လာသည့် နေရာသည် မတ်လ အတွင်းက တောင်ကိုရီးယား စစ်သင်္ဘောတစင်း ပေါက်ကွဲ နစ်မြုပ်သွားရာ ဒေသ အနီးတွင်ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here