အသက်ငယ်ငယ် အိမ်ထောင်ဖက် လိုချင်သည့် အမျိုးသမီးများ သတိထားစရာ

alt

အမျိုးသမီးများ အနေနှင့် အသက် ပိုငယ်သော အမျိုးသား များကို လက်ထပ်ခြင်းသည် အသက် တိုစေသည့် အကြောင်းရင်း တခုဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

အသက်(၇)နှစ်မှ (၉)နှစ်ထိ ပိုငယ်သော အိမ်ထောင်ဖက်ကို ရရှိထားသည့် အမျိုးသမီးများသည် သက်တူရွယ်တူ အိမ်ထောင် ဖက် ပိုင်ရှင်များထက် (၂၀)ရာခိုင်နှုန်း အထိ သေဆုံးနိုင်ခြေ ပိုမို မြင့်မားကြောင်း သိရသည်။

လက်ထပ် ထိမ်းမြားခြင်းသည် သဘာဝအားဖြင့် ဘဝမျှော်မှန်းချက် တခုအဖြစ်​ အကျံုးဝင် သော်လည်း ယင်းသည် အမျိုးသမီးနှင့် အမျိုးသားများကြား​ အဓိပ္ပါယ်ခြင်း သိသာစွာ ခြားနားနေကြောင်း ပညာရှင်များက ဆိုသည်။ အသက်အရွယ်​ ကြီးရင့်သော အမျိုးသားကို လက်ထပ် ယူထားသည့် အမျိုးသမီး များသည်လည်း​ ယေဘုယျ အားဖြင့် အသက်တို တတ်သော်လည်း အသက်ပို ငယ်သော အမျိုးသားများအား​ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ထားသည့် အမျိုးသမီးများ ကမူ ပိုမိုသိသာစွာ​ သက်တမ်းတို တတ်ကြောင်း ဂျာမနီနိုင်ငံ၊ ရော့စတော့မြို့ရှိ Max​ Planck ပညာရေးဌာနမှ သုတေသီ ဆဗန်ဒရီဖာက ပြောကြားခဲ့သည်။ မိမိတို့သည်​ အသက်အရွယ် ကွာခြားသော အိမ်ထောင်ဖက် များကြား သက်တမ်း အနေအထားကို​ လေ့လာခဲ့ကြောင်း ဒရီဖာက ဆိုသည်။

ဒရီဖာနှင့် သုတေသီအဖွဲ့၏ အဆိုအရ​ အမျိုးသားများ အနေနှင့် အသက်(၇)နှစ်နှင့် (၉)နှစ်ကြား အသက်ပိုငယ်သော​ အမျိုးသမီးကို အိမ်ထောင်ပြု ထားပါက သက်တူရွယ်တူ အိမ်ထောင်ဖက်ကို​ ပိုင်ဆိုင်သော အမျိုးသားများထက် (၁၁)ရာခိုင်နှုန်းမျှ သက်တမ်းပိုရှည်စွာ​ နေရတတ်ကြောင်းလည်း သိရသည်။ သို့သော်လည်း မိမိတို့ အနေနှင့် ယခု သီအိုရီကို​ အတည်ပြုနိုင်ရန် ထပ်မံ လေ့လာမှုများ ပြုလုပ်ဦးမည်ဟု ဒရီဖာက ဆိုသည်။ အခြားသော လေ့လာမှုများ အရ အမျိုးသမီးများသည် အိမ်ထောင်ပြုခြင်းမှ တစုံတရာ​ စိတ်ပိုင်းဆိုင်ရာ အကျိုးအမြတ် ခံစား ရလေ့မရှိဘဲ ပတ်ဝန်းကျင် လူနေမှုဘဝ၏​ ရိုက်ခတ်မှုအလိုက် သက်တမ်းအပေါ် သက်ရောက်လေ့ ရှိကြောင်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here