Andriod OSသုံး Wildfire မိုဘိုင်းဖုန်းသစ် HTCက မိတ်ဆက်ပြသ

alt

HTCက နောက်ဆုံးထုတ် Android OSကို အသုံးပြုထားသည့် မိုဘိုင်းဖုန်းသစ် Wildfireအား မိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။

Wildfireကို လစဥ်ကြေး ပေါင်စတာလင် (၂၀)မျှစီ ပေးသွင်းကာ ဗြိတိန်တွင် ဖြန့်ချိရောင်းချသွားဖွယ် ရှိနေသည်။ Appleနှင့် Googleတို့ကြား စမတ်ဖုန်း OS​ တိုက်ပွဲတွင် အသာရစေရန်​ Googleက ၎င်း၏ အခမဲ့ OSဖြစ်သော Androidကို အဆင့်မြှင့်တင်မှုများ​ ပြုလုပ်လျက်ရှိရာ Wildfireက နောက်ဆုံးပေါ် OSကို​ အသုံးပြုထားခြင်းဖြစ်သည်။ ယင်းကို ဇူလိုင်လအတွင်း ဗြိတိန်တွင်​ စတင်ရောင်းချသွားဖွယ် ရှိနေသည်။ ယင်းသည် Appleထုတ် iPhone၏​ နောက်ဆုံးမျိုးဆက်ဖြစ်သော iPhone 4Gအား ရောင်းချမည့် အချိန်နှင့်လည်း​ တိုက်ဆိုင်နေဖွယ်ရှိသည်။

Appleသည် ယခင်က iPhoneကြောင့် လူကြိုက်အများဆုံး​ မိုဘိုင်းဖုန်း အမျိုးအစား ထုတ်လုပ်သူအဖြစ် နာမည်ကျော်နေသော်လည်း Google၏​ Androidကြောင့် တစထက်တစ ဈေးကွက်ခြိမ်းခြောက်မှုကို ခံလာရသည်။ အထူးသဖြင့်​ နာမည်ကျော် ဖုန်းကုမ္ပဏီကြီး အတော်များများက Androidကို အဓိက OSအဖြစ်လက်ခံသုံးစွဲလာခြင်းသည် Appleအတွက် ဖိအားတစ်ခု ဖြစ်လာဖွယ်ရှိနေသည်။ HTC၏​ နောက်ဆုံးထုတ်လုပ်ခဲ့သော မိုဘိုင်းဖုန်းဖြစ်သည့် Desireကြောင့်​ Androidအပေါ် လူကြိုက်များမှုမှာလည်း မြင့်တက်လာခဲ့သည်။ Wildfireတွင်မူ​ (၃.၂)လက်မအရွယ် Touchscreenပါရှိပြီး ယင်းသည် Nexus Oneနှင့်​ Desireတို့ထက် သေးငယ်သည်။ သို့သော်လည်း ကင်မရာမှာမူ 5.0 megapixelထိ​သာ​ ရိုက်ကူးနိုင်ကြောင်း သိရသည်။

Wildfire၏ Processorမှာ Qalcomm၏​ Snapdragon chip တပ်ဆင်ထားသည့် Nexus Oneနှင့် Dreamတို့ထက် အနည်းငယ်​ ပိုမိုနှေးသည်။ Wildfireသည် သုံးစွဲသူများအား အင်တာနက်မှ​ မည်သည့်Applicationမျိုးကို Downloadလုပ်သင့်ကြောင်း ထောက်ခံမှု​ ပြုလုပ်နိုင်ပြီး Facebookနှင့် Twitterတို့ကို အဆင်ပြေစွာ​ သုံးစွဲနိုင်မည်ဖြစ်သည်။ Wildfireတွင် Google၏ Android OSနောက်ဆုံး​ Version 2.1ကို ထည့်သွင်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here