ကိုယ်တိုင်ရေး အထုပ္ပတ္တိစာအုပ် ဒယ်မီမိုးရေးသား

alt

ဟောလီးဝုဒ် မင်းသမီး ဒယ်မီမိုးက သူမ၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ကို စတင် ရေးသားနေပြီဟု သိရသည်။ အသက် (၄၇)နှစ်ရှိ Ghost စတား မင်းသမီး၏ စာအုပ် အတွက်

ထုတ်ဝေရေး တာဝန်ကို နယူးယောက်မှ စာအုပ်ထုတ်ဝေသူ များက တာဝန်ယူ ထားကြောင်း ဒယ်မီ၏ အေးဂျင့်ဖြစ်သူ လုဂျက်ကလို က အတည်ပြုခဲ့သည်။ သို့သော်လည်း စာအုပ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက် များကိုမူ ဂျက်ကလိုက ပြောဆိုသွားခြင်း မရှိပေ။

ဒယ်မီသည် စာပေလောကတွင် ပါဝင် ပတ်သက်သည်မှာ ယခုတကြိမ် ပထမဆုံး မဟုတ်ပေ။ အမျိုးသမီးများအား ပိုးပန်းသည့် အမျိုးသားများ အတွက် အထောက်အကူ ဖြစ်စေမည့် မှတ်ချက်များ စုစည်းထားသည့် ‘That’s What She Said: Women Reveal What Men Really Need To Know စာအုပ်တွင်လည်း ဒယ်မီ တယောက်ပါဝင် ရေးသားဖူးကြောင်း သိရသည်။​ ယင်းစာအုပ်တွင် မက်ဒေါနားနှင့် ကင်မရွန်ဒီယက် တို့ကဲ့သို့ နာမည်ကျော်​ အမျိုးသမီးများလည်း ပါဝင် ရေးသားထားသည်။

ဒယ်မီသည် အဆိုပါ စာအုပ်အတွင်း You​ may be able to score once – but we can smell the stink of selfish​ desires a mile away and are not interested ဟူသော မှတ်ချက်ကို​ ရေးပေးထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here