ထက်​ထက်​မိုးဦး​အား​ ​တ​ရား​စွဲ​သည့်​ ​သ​တင်း​ထောက်​သ​တင်း​ ​ဆင်​ဆာ​ဖြတ်

alt

သတင်းထောက် မအေးသူစံသည် 7 Day News ဂျာနယ်၏ Entertainment စာမျက်နှာ အင်တာဗျူး ကဏ္ဍအတွက် သရုပ်ဆောင် ထက်ထက် မိုးဦးအား​ မေလ ၁၉ ရက်နေ့ ညနေ ပိုင်းတွင် ဆီဒိုးနား ဟိုတယ်၌​ ​ပြု​လုပ်​ခဲ့​ရာ​ ​သတင်းထောက် မအေးသူစံ​၏​

မေး​ခွန်း​တ​ချို့​ဖြေ​ကြား​ ခဲ့​ပြီး​နောက်​ ထက်ထက်မိုးဦးဟာ​ ဘဝကို ခဏခဏ ပြန်စ နေရတယ်၊ အဲဒီ ဝေဖန်မှုတွေကို အစ်မ ဘယ်လို ခံစားရလဲဟု မေးမြန်းချက် အပေါ်​ ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင် သွားလိုက်တော့”ဟု သ​တင်း​ထောက်​အား​ ​မောင်း​ထုတ်​ခဲ့​ပြီး​ သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ ပြန်လာခဲ့ရာ ထက်ထက်မိုးဦးက အပြင်သို့ အရင် ရောက်ရှိနေပြီးသည့် သတင်းထောက် မအေးသူစံအား ဤသို့မေးသည်မှာ သူ့အား​ စော်ကားသည့်​ မေး​ခွန်း ဖြစ်ကြောင်း မည်သူ မေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြား လစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြန်​​ခေါ်​ကာ ရန်​တွေ့ခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့သည့်​ ​ဖြစ်​စဥ်​တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့​ရသည့်​​ ကိ​စ္စ​အား နစ်နာသူက​ တရားရုံးသို့ ဦးတိုက် လျှောက်ထားမှု သ​တင်း​အား​ ​ပြည်​တွင်း​ထုတ်​ ​ဂျာ​နယ်​တွင်​များ​တွင်​ ​ထည့်​သွင်း​ခြင်း​ မ​ပြု​ရန်​ ​စာ​ပေ​စိစစ်​ရေးက​ ​ထည့်​သွင်း​ ဖေါ်​ပြ​ခြင်း​ ​မ​ပြု​ရန်​ တား​မြစ်​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​

လာ​မည့်​ အ​ပတ်​တွင်​ ​ထွက်​ရှိ​မည့်​ ​ဂျာ​နယ်​များ​က​ ​အ​ဆို​ပါ​ ​သ​တင်း​အား​ ​ဆင်​ဆာ​ဘုတ်​မှ​ ​တား​မြစ်​ခဲ့​သည်​မှာ​ ​မှန်​ကန်​ကြောင်း​ ​ပြော​ဆို​ခဲ့​ပြီး​ ​ရုပ်​ရှင်​သ​ရုပ်​ဆောင်​ ​ထက်​ထက်​မိုးဦး​မှ​ ​အ​ဆို​ပါ​ ​ဖြစ်​စဥ်​နဲ့​ ​ပတ်​သက်​၍​ ​ပြည်​တွင်း ​မီဒီ​ယာ​များ​ကို​ ​တွေ့​ဆုံ​မေး​မြန်း​ခွင့်​ ​မ​ပေး​သေး​သ​လို​ ​လူ​ထု​အ​သံ​၏​ ​မေး​မြန်း​ချက်​များနှင့်​​ ပတ်​သက်​၍​ ​ပြန်​လည်​ ဖြေ​ဆို​ရန်​ ငြင်း​ဆန်​သွား​ခဲ့​သည်​။​ ဖြစ်ပွားနေချိန်တွင် သတင်းထောက် မအေးသူစံ နှင့်အတူ ဓာတ်ပုံရိုက်ရန် အ​တူ ပါလာသည့် ကိုသန့်ဇင်အောင်၊ ပါဖက် မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင် မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလို ဂျာနယ်မှ ကိုဘုန်းနေလ နှင့် ဆီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်း အရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သူ များပါ​ မြင်တွေ့ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါကိစ္စနှင့်​ ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်း သို့ ညတွင်းချင်း တိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သော အမှုဖြစ်ခြင်းကြောင့်၊ သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ရရှိသော ဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်မှု မှတ်တမ်း ရယူခဲ့ကာ နောက်တနေ့တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

ရန်ကင်း တရားရုံးသို့ ​သတင်းထောက် မအေးသူစံ​က​ ၂၀၁၀ ခုနှစ် ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက် လျှောက်ထားခဲ့ပြီး တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်းအောင်က ဥပဒေ အကျိုးဆောင် အဖြစ် လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။​ ဤ​ကဲ့​သို့​ ​ကိုယ်​ထိ​လက်​ရောက်​ ​ကျူး​လွန်း​ခြင်း​သည်​ သရုပ်ဆောင် ထက်ထက်မိုးဦး​၏​ ​ပ​ထ​မ​ဆုံး​သော​ ​တုံ​ပြန့်​မှု​ ဖြစ်​သော်​လည်း​ ​ပြည်​တွင်း​ဂျာ​နယ်​ ​သ​တင်း​ထောက်​များ​နှင့်​ ​မ​ကြာ​​သေး​မီ​ ​နှစ်​များ​က​ ​စ​ကား​များ​ခဲ့​သည်​့ အ​ဖြစ်​အ​ပျက်​များ​ ရှိ​ကြောင်း​ ​ပြည်​တွင်း​မီ​ဒီ​ယာ​​ အ​သိုင်း​အ​ဝိုင်း​က ပြော​ဆို​ကြ​သည်​။​

​ယ​ခု​ဖြစ်​စဥ်​ တ​ခု​လုံး​အား​ ​ပြည်​တွင်း​ ဂျာ​နယ်များ​တွင်​ ​ဖေါ်​ပြ​ခြင်း ​မ​ရှိ​သော်​လည်း​ ပြည်​တွင်း​ ​အွန်​လိုင်း​ မီ​ဒီ​ယာ​များ​နှင့်​ ​ပြည်​ပ​ မီ​ဒီ​ယာ​များ​တွင်​ ​ဖေါ်ပြ​ခဲ့​သည်​။​ ​အ​လင်း​တန်း​ ဂျာ​နယ်​ ​တာ​ဝန်​ခံ​ တဦး​က​ ​အ​ဆို​ပါ​ ဖြစ်​စဥ်​တွင်​ အ​နု​ပ​ညာ​ရှင်​က​ ​မီဒီ​ယာ​သ​မား​ တဦး​အ​ပေါ်​ ​ယ​ခု​ကဲ့​သို့​ ​ကိုယ်​ထိ​လက်​ရောက်​ ကျူး​လွန်​ခြင်း​အား​ ဆန့်ကျင်ကြောင်း​ ပြော​ဆို​ခဲ့​ပြီး​ 7 Day News​ ဂျာနယ်​ ​မှ​ အ​ဆို​ပါ​ ဖြစ်​စဥ်​အား​ ​သ​တင်း​စာ​ ရှင်း​လင်း​ပွဲ​ ​ပြု​လုပ်​သင့်​ကြောင်း​ ​တိုက်​တွန်း​ခဲ့​သော်​လည်း​ ​ယ​ခု​ကဲ့​သို့​ ​ဂျာ​နယ်​များ​တွင်​ ​ထည့်​သွင်း​​ဖေါ်​ပြခွင့်​ ​မ​ရ​ရှိ​သည့်​ ​အ​တွက်​ ​ဖြစ်​လာ​​တော့​ မ​ဟုတ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​

“မြန်​မာ​ပြည်​၏​ စာနယ်ဇင်း ကင်ပေတိုင်” အဖြစ် ပြည်တွင်း အယ်ဒီတာနှင့် သတင်းထောက်များက တင်စား ခေါ်ဝေါ် လေ့ ရှိသည့် စာပေ စီစစ်ရေးက​ ​ပြီး​ခဲ့​သည့်​ ​အ​ပတ်က​ ​ထုတ်​ဝေ​​သော​ ​လျှပ်​တ​ပြက်​ဂျာ​နယ်​ ​အ​တွဲ​ ​၂​ ​အ​မှတ်​ ​၈၅​ မျက်နှာဖုံး​တွင်​ ပါ​ရှိ​သည့်​ အ​မေ​ရိ​ကန်​ ​လက်​ထောက်​ နိုင်ငံ​ခြား​ရေး​ ဝန်​ကြီး​၏​ ​မြန်​မာ​ပြည်​ခ​ရီး​စဥ်​ ​သ​တင်း​ ဓါတ်​ပုံ​တွင်​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ ပုံ​အား​ ​ဖေါ်​ပြ​ခြင်း ​မ​ပြု​ရန်​ ​တား​မြစ်​ခဲ့​သည့်​ ​အ​တွက်​ ​ဆေး​ဖြု​သုတ်​ကာ​ ​ထုတ်​ဝေ​ ​ခဲ့​ရ​ကြောင်း​​ သိ​ရှိ​ရ​ပြီး​၊​ ​မြန်​မာ​ပြည်​ဆိုင်​ရာ​ ​ကု​လ​​ အ​ထူး​​ ကိုယ်​စား​လှယ်​ဟောင်​း​ ဂန်​ဘာ​ရီ​ ​လာ​ရောက်​ခဲ့​စဥ်​က​ ​မျက်​နှာ​ဖုံး​တွင်​ ​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​ ​ရောင်​စုံကာ​လ​ဖြင့်​ ခေါ်​ပြ​ခဲ့​သည့်​အ​တွက်​ လျှပ်​တ​ပြက် ​ဂျာ​နယ်​ ​အ​ပါ​အ​ဝင်​ ​ပြည်​တွင်း​ ဂျာ​နယ်​အချို့​ ​တပတ်​ရပ်​နား​ရန်​ ​အ​ကြောင်း​ကြား​ခဲ့​ကာ​ ​ခံ​ဝန်​ ​လက်​မှတ်​များ​ ​ရေး​ထိုး​ခဲ့​ရ​ကြောင်း​လည်း ​သ​တင်း​ ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here