အလုပ်ခွင်တွင် အမျိုသမီးများက အမျိုးသားတို့ထက် စွမ်းဆောင်ရည်ပို

alt

အလုပ်ခွင်တွင် အမျိုးသမီးများသည် အမျိုးသားများထက် ခေါင်းဆောင်မှု​ အရည်အသွေး ပိုမိုပြည့်ဝတတ်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။​

လေ့လာမှုများအရ အမှုဆောင် အရာရှိကဲ့သို့ အလုပ်ခွင်၏​ ထိပ်ဆုံးစီမံဆုံးဖြတ်ခွင့် နေရာကို ရယူထားသည့် အမျိုးသမီးများသည်​ ယင်းသို့သော ရာထူးမျိုးတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသားများထက်​ ဆုံးဖြတ်ချက်နှင့် စီမံအုပ်ချုပ်ပုံတို့တွင် ပိုမိုပြတ်သားကြောင်း​ Dukeတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။

Applied Psychology​ ဆေးပညာဂျာနယ်တွင် ဖော်ပြထားမှုအရ အမျိုးသမီး အမှုဆောင်များသည်​ လုပ်ငန်းအောင်မြင်မှုတွင် ပိုမိုအခရာကျကြောင်း သိရှိရသည်။​ Dukeတက္ကသိုလ်မှ ဦးဆောင်သုတေသီ ပရော်ဖက်ဆာ အက်ရှလင်း ရိုဆက်တီက​ စီးပွားရေး ပတ်ဝန်းကျင်တွင် အမျိုးသမီးများသည် လိုအပ်သလောက်သာ​ တွေးတောစဥ်းစားလေ့ရှိပြီး ယင်းအချက်က အမျိုးသားများထက် ပိုမိုအားသာသည့်​ အခြေအနေသို့ ဦးတည်နေစေကြောင်း ရှင်းပြခဲ့သည်။

ကြီးမားသော​ ဆုံးဖြတ်ချက်များ ချရာတွင် စိတ်ပညာအရ အမှန်တကယ် လိုအပ်သည်ထက်​ စဥ်းစားတွေးတောလွန်းခြင်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ရိုဆက်တီကဆိုသည်။​ ခေါင်းဆောင်မှု အရည်အသွေးနှင့် ပတ်သက်၍လည်း အမျိုးသမီးများသည်​ အမျိုးသားများထက် ပိုမိုအသိအမှတ်ပြု ခံရလေ့ရှိကြောင်း ရိုဆက်တီက​ သုံးသပ်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here