မက္ကစီကိုပင်လယ်ကွေ့ ရေနံယိုစိမ့်မှု ရှင်းလင်းရေး ဆောင်ရွက်နေရဆဲ

alt

မက္ကစီကို ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် ရေနံယိုစိမ့်မှုများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် BPကုမ္ပဏီမှ အင်ဂျင်နီယာများသည် မိုင်နှင့်ချီ ရှည်လျားသော ပြွန်ပိုက်ကြီးများကို အသုံးပြုကာ

ရေနံများ ဖယ်ရှားရန် စတင်ဆောင်ရွက်နေပြီဟု သိရသည်။

(၃)ပါတ်ကြာမျှ ရုန်းကန်နေရပြီးသည့်တိုင် ရေနံမျှော်စင်မှ ယိုစိမ့်မှုများကို အပြီးမသတ်နိုင်သေးသည့်နောက် ယခုနည်းလမ်းကို အသုံးပြုပြီး ရေနံများကို ပင်လယ်ကွေ့ထဲမှ ရေနံတင်သင်္ဘောတစ်စင်းသို့ ပြောင်းလဲတင်ပို့ရန် BPက ကြိုးပမ်းလာခဲ့သည်။ တစ်မိုင်မျှ အရှည်ရှိပြီး (၂၁)လက်မ အကျယ်ရှိသော ပိုက်ကြီးကို အသုံးပြုပြီး ရေနံတင်သင်္ဘော တစ်စင်းပေါ်သို့ ရေနံများ သွယ်တန်းတင်ပို့မှုကို အောင်မြင်စွာ စတင်နေပြီဟုလည်း သိရသည်။

ပေါက်ကွဲသွားသော ရေနံမျှော်စင်မှ စိမ့်ထွက်နေသော ရေနံများသည် (၃)ပါတ်မျှ ကြာမြင့်လာပြီးနောက် ပတ်ဝန်းကျင် ရေနေသက်ရှိများ၊ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်ကမ်းခြေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတို့ကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့သည်။ သုတေသီများက ကွန်ပျူတာ​ ​စိစစ်မှုများအရ ရေစီးကြောင်းများကြောင့် ရေနံအချို့သည် အတ္တလန္တစ် သမုဒ္ဒရာထဲထိ ရောက်ရှိသွားနိုင်ကြောင်းနှင့် ယင်းအတွက် စစ်ဆေးမှုများပြုလုပ်ရန် သုတေသနသင်္ဘောများကိုလည်း စေလွှတ်ထားကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here