ကမ္ဘာ့ပထမဆုံး မင်္ဂလာအခမ်းအနားမှူး စက်ရုပ်

alt

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှ စုံတွဲတစ်တွဲသည် ၎င်းတို့၏ မင်္ဂလာအခမ်းအနားတွင် စက်ရုပ်တစ်ရုပ်ကို အခမ်းအနားမှူးအဖြစ် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။

I-Fairyဟု အမည်ပေးထား စက်ရုပ်သည် တိုမိုဟီရိုးရှီဘာတာနှင့် ဆာတိုကိုအီနူအီတို့၏ တိုကျိုမြို့တော် မင်္ဂလာဆောင် အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ တိုမိုဟီရိုးတို့ နှစ်ဦးလုံးသည် စက်ရုပ်ထုတ်လုပ်သည့် အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်ရာမှ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး​၊ ထို့ကြောင့်လည်း မေလ(၁၆)ရက်နေ့ မင်္ဂလာပွဲတွင် စက်ရုပ်ကလေးအား အသုံးပြုရန် စိတ်ကူးရလာခြင်းဖြစ်သည်။

I-Fairyသည်​ ကျစ်ဆံမြီးလေးနှင့် အလှဆင်ထားပြီး သတို့သားက သတို့သမီး၏ မျက်နှာဖုံး​ ဇာပုဝါကိုဖယ်ကာ နမ်းရန်ပင် ညွှန်ကြားခဲ့သေးသည်။ I-Fairy၏ အစီအစဥ်​ တာဝန်ယူမှုအပေါ် သတို့သားရော၊ သတို့သမီးအပြင် ပရိသတ်များကပါ သဘောကျ​ နှစ်သက်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here