ဟောလီးဝုဒ်ဇာတ်ကား Ghostကို ဂျပန်တွင် ပြန်လည်ဆန်းသစ်ရိုက်ကူးမည်

alt

ကမ္ဘာကျော် ဟောလီးဝုဒ် ဇာတ်ကားဖြစ်သည့် Ghostကို ဂျပန်တွင် ပြန်လည်ဆန်းသစ် ရိုက်ကူးမည်ဟု သိရသည်။ (၁၉၉၀)ပြည့်နှစ်က အကြီးအကျယ် အောင်မြင်ခဲ့သော Ghostဇာတ်ကားသည်

အော်စကာဆု (၂)ခုရခဲ့ပြီး ယင်းအနက် အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုအတွက် ဟူပီဂိုးလ်ဘက်ကလည်း ထူးချွန်ဆု ရရှိခဲ့သည်။ ယခုအခါ ကွယ်လွန်သူ မင်းသား ပက်ထရစ်ဆွေဇီနှင့် မင်းသမီး ဒယ်မီမိုးတို့ ပါဝင်ခဲ့သော ယင်းဇာတ်ကားကို ဂျပန်ဒါရိုက်တာ တာရိုအိုတာနီက​ ဂျပန်ဘာသာဖြင့် ပြန်ရိုက်ရန် စီစဥ်နေခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည်​ ဇနီးသည်အား စွဲလန်းကာ ဝိဉာဥ်ဘဝဖြင့် လိုက်လံစောင့်ရှောက်ပြီး မိမိအား​ အကောက်ကြံခဲ့သည့် သူငယ်ချင်းကို လက်စားချေသည့် စိတ်ကူးယဥ်ဇာတ်လမ်းကို​ ဖော်ကျူးထားခြင်းဖြစ်သည်။

ဂျပန်Ghostကို ဇွန်လအတွင်း​ စတင်ရိုက်ကူးမည်ဖြစ်ပြီး ယခုနှစ် ဆောင်းဦးရာသီတွင် ရုံတင်ပြသရန်​ စီစဥ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here