ဖုန်း အသုံးပြုခြင်းနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ တိကျသည့် ဆက်နွယ်မှု မတွေ့ရဟု WHO ကြေညာ

alt

ဖုန်းများ အသုံးပြုခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်ကြောင်း ယုံကြည်မှု များအတွက် တိကျသော ဆက်နွယ်မှုကို မမြင်တွေ့ ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ကြေညာခဲ့ သည်။

WHO က မိုဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲသူများသည် ဦးနှောက်တွင်း အကြိတ်များ သာမန်ထက် ပိုမိုဖြစ်ပေါ် နိုင်သည်ဟု ယူဆရသည့်တိုင် ယင်းကို တိတိကျကျ ကောက်ချက် ဆွဲ သက်သေမပြနိုင်ဟု ဆိုသည်။

ယခု လေ့လာမှုတွင် WHO သည် လွန်ခဲ့သော (၁၀)နှစ်အတွင်း မိုဘိုင်းဖုန်းကို အလွန်အကျွံ သုံးစွဲခဲ့သည့် လူပေါင်း(၁၃၀၀၀)ကို စစ်တမ်းပြုစုခဲ့သည်။ မေလ(၁၆)ရက်နေ့က အဖွဲ့ကြီး၏ ကြေညာချက်တွင် လေ့လာမှုများက တိကျသော အဖြေကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံ ဖော်ပြထားသည်။ WHO ၏ လက်အောက်ခံ ကင်ဆာ သုတေသန အေဂျင်စီ (IARC) မှ တာဝန်ယူ ပြုလုပ်သော သုတေသန လုပ်ငန်းကို နောက်တကြိမ် ပြုလုပ်သွားရန် အစီအစဥ် ရှိကြောင်းမူ IARC ဒါရိုက်တာဖြစ်သူ ခရစ်စတိုဖာဝိုင်းက အတည်ပြုခဲ့သည်။

ယင်း အယူအဆကို လွန်ခဲ့သော (၁၀)နှစ်ခန့် ကတည်းက လူပြောများ နေသော်လည်း မိုဘိုင်းဖုန်းနှင့် ကင်ဆာ ဆက်စပ်နေသည် ဆိုသော တွေ့ရှိမှုကို မည်သည့် သုတေသန ရလဒ်ကမှ ရာနှုန်းပြည့် အတည်ပြု မပေးနိုင်ခဲ့ချေ။ ဥရောပမှ ဆရာဝန်များ ဖွဲ့စည်းထားသည့် အဖွဲ့တခု ကမူ မိုဘိုင်းဖုန်းများကို နှစ်ကာလကြာရှည်စွာ အလွန်အကျွံ သုံးစွဲခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်မှု ရှိစေနိုင်ကြောင်း ပြီးခဲ့သည့် သီတင်းပါတ်က သတိပေးချက် ထုတ်ပြန်ခဲ့ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here