Red Shirt စခန်းအား ထိုင်းစစ်တပ်မှ ဝင်ရောက် စီးနင်းခြင်း

ဆောင်းပါး သရုပ်ဖေါ် © မင်း​ကျော်

ထိုင်းစစ်တပ်မှ “ဘန်ကောက်မြို့ရှိ အစိုးရ ဆန့်ကျင်သူများ အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးအား

Red Shirt ခေါင်းဆောင် အနည်းဆုံး (၆) ဦးခန့် အဖမ်းခံခဲ့ပြီးနောက် ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထိုသို့ အညံ့ခံမှုသည် ဗုဒ္ဓဟူးနေ့က စတင်ခဲ့သည့် ဘန်ကောက်မြို့လယ်တွင် သွေးထွက်သံယို မှုများ ရှိခဲ့သည့် စစ်တပ်၏ Red Shirt များ၏ စခန်းအား တိုက်ခိုက်မှုအပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ရာတွင် သီတင်းများအရ ထိုသို့ Red Shirt ခေါင်းဆောင်များ အညံ့ခံကြ အပြီးတွင် ဘန်ကောက် Stock Exchange အပါအဝင် ဘန်ကောက်မြို့နယ်ရှိ အဆောက်အဦး အချို့ မီးရှို့ခံခဲ့ရသည်ဟု သိရှိရသည်။

မီးလောင်မှုသည် ရုပ်သံလွှင့်ကုမ္ပဏီ အဆောက်အဦး တခုနှင့် Central World Department Store တွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ Department Store သည် အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံး ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က စစ်တပ်မှ ထိုသို့နှိမ်နင်းမှုသည် Red Shirt များ၏ (၂)လကြာ စီးပွားရေးကို ထိခိုက်မှု ဖြစ်လာစေသည့် ဆန္ဒပြမှုများ အဆုံးသတ် သွားစေရန် အတွက် အစိုးရမှ ဖိအားပေးမှုများ ပိုမို၍ ပြုလုပ်လာမှုကြောင့် ပေါ်ထွက်လာသည့် လမ်းပေါ်တွင် ရုန်းရင်းဆန်ခတ် ပြစ်မှု ပိုမိုကြီးထွားလာမှု ရက်အတန်ကြာ ဖြစ်နေပြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ ထိုသို့ စစ်တပ်မှ ထိုးစစ်ဆင်မှုကြောင့် လူ(၃)ဦး သေဆုံးခဲ့သော်လည်း အဆိုပါ အရေအတွက်သည် ပို၍ ကြီးထွား လာနိုင်ပြီး လူအများ မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေ၌ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Panitan Wattanayagorn မှ ပြောကြားရာ တွင် Red Shirt ခေါင်းဆောင်များသည် ပြန်လည်သင့်မြတ်ရေးလမ်းညွှန်မြေပုံကို သဘောတူညီခဲ့ကြပြီး ဆန့်ကျင်သူများ သိမ်းပိုက်ထားသည့် နေရာအများစုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

Panitan မှ Al jazeera သို့ ပြောကြားရာတွင် နံနက် ၅း၄၅ က စတင််ခဲ့သည့် စစ်ဆင်ရေး သည် ယခု အောင်မြင်သွားပြီ ဖြစ်သဖြင့် အဓိက စစ်ဆင်ရေးမှာ ယခု ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းမှ Red Shirt ခေါင်းဆောင် အတော်များများ အညံ့ခံ ခဲ့ကြကြောင်းနှင့် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ ကြသဖြင့် ထိုင်းအစိုးရမှ လိုက်လံ ရှာဖွေနေကြောင်း ဆက်လက် ပြောကြားခဲ့သည်။

Red Shirt ခေါင်းဆောင်များ ထိုသို အညံ့ခံခဲ့သည့် သတင်းနှင့်အတူ Red Shirt တို့၏ စခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် သတင်းများပါ ပူးတွဲ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် အရှေ့မြောက်ဘက်ရှိ ဥဒုန်ထာနီမြို့ (Udon Thani) တွင် ဆန္ဒပြသူများမှ မြို့တော်ခန်းမကို ဝင်ရောက် စီးနင်းပြီး အဆောက်အဦးအား မီးရှို့ခဲ့ကြကြောင်း သတင်းရရှိသည်။

အခြားသော Red Shirt ခေါင်းဆောင် များမှလည်း ဆန္ဒပြသူများကို ဘန်ကောက်မြို့လယ်မှ ထွက်ခွာသွားရန် ပြောကြားခဲ့သော်လည်း တော်လှန်မှု များသည် ကြိုကြား ကြိုကြား ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

အတားအဆီးများ

စောစောပိုင်းတွင် ထိုင်း တပ်ဖွဲ့ဝင်များသည် သံချပ်ကာယာဉ်များ နှင့်အတူ Red Shirt တို့၏ စခန်းအတွင်း ထိုးဖောက် ဝင်ရောက်ကာ ဘန်ကောက်မြို့ရှိ အစိုးရ ဆန့်ကျင်သူ များ၏ အဓိကစခန်း အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ထိုသို့ ထိုးဖောက်ခံခဲ့ရသည့် ဆန္ဒပြသူများ၏ စခန်းအတွင်းမှ Al jazeera ရုပ်သံ၏ သတင်းထောက် Wayne Hay မှ သတင်း ပေးပို့ရာတွင် “ဆန္ဒပြသူများ၏ နေရာမှ ၁ ကီလိုမီတာ အကွာနေရာမှ တပ်ဖွဲ့ဝင်များသည် လျင်မြန်စွာ ဝင်ရောက် လာခဲ့ပြီး Red Shirt ခေါင်းဆောင်များ ရှိနေသည်ဟု ယူဆရသည့် ပင်မ အဆောက်အဦး ဆီသို့ ဝင်ရောက်ခဲ့သည်” ဟု ဆိုသည်။

Red Shirt အစောင့် အဖွဲ့ဝင်များဟု ယူဆရသည့် လူ(၂)ဦး၏ အလောင်းများကိုလည်း ထိုနေရာမှ သယ်ဆောင် သွားသည်ကို တွေ့မြင်ခဲ့ရသည် ဟုဆိုသည်။ ထိုင်း ကြက်ခြေနီမှလည်း သွေးလှူဒါန်းကြရန် အတွက် ဆော်ဩနေသည်။

ရဲတပ်ဖွဲ့ဆေးရုံး၏ ညွှန်ကြားရေးမှူး ဖြစ်သူ Jongjet Aoajenpong မှ ပြောကြားသည်ကို AFP သတင်းဌာနမှ ကိုးကား၍ ပြောကြားရာတွင် အီတလီလူမျိုး သတင်းစာဆရာ တဦးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အော်တိုမက်တစ် ရိုင်ဖယ်သေနတ်များ၊ Shotgun များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင် (၁၀၀)ခန့်သည် စက်သေနတ် တပ်ဆင်ထားသည့် သံချပ်ကာ တပ်ဖွဲ့ဝင် တင့်ကားများနှင့် Red Shirt တို့အား ဝင်ရောက် စီးနင်းခဲ့ကြခြင်း ဖြစ်သည်။

သံချပ်ကာ ယာဉ်များသည် ကားဘီး တာယာများ၊ ဝါးချွန်များ၊ သံဆူးကျိုးများဖြင့် အများစု ပြုလုပ်ထားသည့် အတားအဆီး များကို ကြိမ်ဖန်များစွာ တိုက်ခိုက် ဖယ်ရှားခဲ့ရသည်။ စစ်တပ်သည် ၎င်းတို့၏ စစ်ဆင်ရေးကို အချိန်ယူ၍ ဆောင်ရွက် နေပုံရပြီး မြို့၏ မြောက်ဘက်အား Red Shirt အဖွဲ့ဝင်များ ထွက်သွားနိုင်စေရန် ဖွင့်ပေး ထားပုံရသည်။

ထိုသို့ စစ်ဆင်မှု မစတင်မီတွင် တပ်ဖွဲ့ဝင်များသည် ဘန်ကောက်မြို့ Rachaprasong ဈေး ရပ်ကွက်တွင် အသံချဲ့စက်များ အသုံးပြုပြီး ဆန္ဒပြသူများကို မိမိတို့အသက်အန္တရာယ်ရှိနိုင်သဖြင့် အိမ်ပြန်ကြရန် သတိပေးခဲ့သည်။

ထိုသို့ စစ်ဆင်မှုနှင့် စပ်လျဉ်းပြီး Red Shirt ခေါင်းဆောင်တဦး ဖြစ်သူ Sean Boonpracong မှ နောက်ထပ် ဒုတိယ တီယန်နမင် (Tiananmen) ရင်ပြင်တခု ပေါ်ပေါက် လာစေနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ ၎င်းမှာ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် သွေးထွက် သံယိုမှုများသည့် နှိမ်နင်းမှုကို ဆိုလိုခြင်း ဖြစ်သည်။

ပျောက်ကြားတိုက်ပွဲ

Red Shirt အဖွဲ့ အများစုမှ ထောက်ခံအားပေးသည့် ရာထူးမှ ဖြုတ်ချခြင်းခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှ “ထိုသို့ စစ်တပ်မှ နှိမ်နင်းမှုကြောင့် နိုင်ငံအဝှမ်း ပျောက်ကြားစစ်ဆင်ရေး ပေါ်ပေါက် လာမည်ကို စိုးရိမ်ကြောင်း” ပြောကြားခဲ့သည်။

သက်ဆင်မှ ရိုက်တာ သတင်းဌာနသို့ ပြောကြားရာတွင် “စစ်တပ်မှ ထိုသို့ နှိမ်နင်းမှု ပြုလုပ်ခြင်းသည် မကျေနပ်မှုများ ဖြစ်ပေါ်စေပြီး ထိုသို့ မကျေနပ်သူ များမှ ပျောက်ကြား တပ်ဖွဲ့ဝင်များ ဖြစ်လာနိုင်သည် ဆိုသည့် သီအိုရီ ရှိပါကြောင်း” တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

စစ်တပ်မှ Red Shirt တို့၏ စခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် အစိုးရမှ လက်နက် ကိုင်ဆောင်ထားခြင်း မရှိသည့် သာမန် ဆန္ဒပြသူများကို လုံခြံုစွာဖြင့် အန္တရာယ် တစုံတရာ ကျရောက်စေခြင်း မပြုပဲ ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်းနှင့် ၎င်းတို့အား အိမ်သို့ ပို့ဆောင်ပေးရန် ဘတ်စ်ကားများ စီစဉ် ထားရှိကြောင်း ကြေငြာခဲ့သည်။ အစိုးရမှ Red Shirt များကို ၎င်းတို့၏ ဆန္ဒပြနေသည့် နေရာမှ တနင်္လာနေ့ နံနက် (၃)နာရီ နောက်ဆုံးထား ထွက်ခွာသွားရန် သတိပေး ထားပြီး ဖြစ်သည်။

ထိုသို့ သတိပေးချက်ကို လိုက်နာခြင်း မပြုသူများကို ထောင်ဒဏ်(၂)နှစ် အပြစ် ပေးသွားမည်ဟု ကြေငြာထားခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါ သတိပေး တားမြစ်ချက်ကို အံတုခဲ့ပြီး အစိုးရမှ သတ်မှတ်ထားသည့် နောက်ဆုံး အချိန်သည်လည်း မည်သည့် အရေးယူမှုမှ ပြုလုပ်ခြင်း မရှိပဲ ကျော်လွန်သွားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် နှိမ်နင်းမှုသည် အစိုးရမှ Red Shirt များ ဆန္ဒပြနေသည့်နေရာမှ ထွက်ခွာ မသွားမခြင်း ဆွေးနွေးမှုများ ဆက်လက် မပြုလုပ်ဟု ကြေငြာချက် ပြုလုပ်ပြီး စတင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် (၁၅၀) ပါဝင်သည့် ထိုင်းပါလီမန် အထက်လွှတ်တော်၏ အမတ်(၆၄)ဦး ပါဝင်သည့် အဖွဲ့မှ ဝင်ရောက် ဖြန်ဖြေ ပေးရန် ကမ်းလှမ်းမှုကို ဆန္ဒပြသူများက လက်ခံခဲ့သော်လည်း ဝန်ကြီးချုပ် Abhisit Vejjajva မှ ပယ်ချခဲ့သည်။ အစိုးရအဖွဲ့ ဝန်ကြီးတဦး ဖြစ်သူ Satit Wonghnongtaey မှ ဝန်ကြီးချုပ် အနေဖြင့် တွေ့ဆုံ ဆွေးနွေးမှုကို ကြိုဆို သော်လည်း ထိုသို့ ဆွေးနွေးမှုများသည် ဆန္ဒပြမှုများ အဆုံးသတ်မှ ဖြစ်လာနိုင်မည်ဟု ပြောကြားခဲ့သည်။

မတ်လ လယ်မှ ဆန္ဒပြမှုများဖြင့် စတင်ခဲ့သည့် ယခု ပြဿနာကြောင့် ယနေ့အထိ လူ(၇၀)ဦး သေဆုံးခဲ့ရပြီး ၁၇၀၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်သည်။

လင်းဦး​ (စိတ်​ပ​ညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here